ဒါပေမယ့် တန်ဟက်ဂျ်ကို ရည်ရွယ်ကာ ရန်လုပ်ချင်နေခဲ့တယ်လို့ ပရိသတ်တွေက ယူဆနေပါတယ်။

ချယ်လ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ်အတွက် အသင်းလူစာရင်းကနေ ရော်နယ်ဒို ချန်လှပ်ခံရပြီးနောက် သူ့ရဲ့အစ်မဖြစ်သူ Elma Aveiro က ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကို ရည်ရွယ်ကာ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မောင်ဖြစ်သူ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ တဖက်အပေါ် အမြဲတမ်းလိုလို ဝေဖန်တိုက်ခိုက်လေ့ရှိတဲ့ Elma ဆီက နောက်ထပ်တုံ့ပြန်မှုလည်းဖြစ်ပါတယ်။ 

သူမက တန်ဟက်ဂျ်ရဲ့ နာမည်ကို ထုတ်ဖော်မပြောဆိုခဲ့ပေမယ့်လည်း ဒါက ဟော်လန်သားနည်းပြကို ရည်ညွှန်းတယ်ဆိုတာကို အားလုံးက နားလည်ထားကြပြီးဖြစ်ပါတယ်။ မက်ဒဲရားကျွန်းမှာ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့ Elma က အရန်ခုံတန်းမှာ မျက်နှာညိုးငယ်နေတဲ့ပုံနဲ့ ထိုင်နေတဲ့ ရော်နယ်ဒိုရဲ့ဓာတ်ပုံနဲ့ ရေးသားပြောဆိုခဲ့ပြီး ပရိသတ်တွေကတေ့ နောက်တကြိမ်ပွဲရှာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 


"မင်း မလုပ်ချင်တဲ့အရာကိုဆိုရင် မလုပ်ပါနဲ့၊ ဘုရားသခင်က ဘယ်တော့မှ မအိပ်စက်နေပါဘူး၊ မင်းက ငါ့ဘ၀ရဲ့ ကြီးမြတ်တဲ့သူရဲကောင်းနဲ့ ချစ်ခြင်းမေတ္တာပဲ၊ ငါတို့မသေမချင်း အမြဲတမ်းအတူတူရှိနေကြမှာပါ" လို့ သူမက ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကလည်း နယူးကာဆယ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရတဲ့ ရော်နယ်ဒိုကြောင့် သူမက "အသင်းကထွက်သွားဖို့ မင်း အရမ်းတောင်နောက်ကျသွားပြီ" လို့ ပြောဆိုရေးသားခဲ့ပါသေးတယ်။ 

ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ ပွဲမပြီးဆုံးခင်ပဲ ဥမင်ထဲဝင်သွားခဲ့တာကြောင့် နည်းပြတန်ဟက်ဂျ်နဲ့ နှစ်ဦးတည်းသီးသန့်တွေ့ဆုံခဲ့ရပြီး ချယ်လ်ဆီးနဲ့ကစားမယ့်ပွဲလူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတာပါ။ ရော်နယ်ဒိုကတော့ ဒီနေ့မှာ သူ အသင်းနဲ့ အသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပြီး မကြာခင်မှာ ပြန်တွေ့ကြမယ်လို့ သူ့လူမှုကွန်ရက်ကနေ ရေးသားပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က