မက်တော်မီနေးနဲ့ ဖရက်ဒ်ကို ရွိုင်ကိန်းက ကြည့်မရဖြစ်နေပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူရွိုင်ကိန်းကတော့ ယူနိုက်တက်ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ဟာ အသင်းအတွက်ကစားပေးဖို့လုံလောက်တဲ့ အရည်အသွေးမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး စိတ်ပျက်စရာကစားသမား ၂ ဦးကို ရက်သတ္တပတ်တိုင်းမြင်တွေ့နေရတယ်လို့လည်း ရွိုင်ကိန်းက ညည်းညူခဲ့ပါတယ်။ 

ဘရိုက်တန်တို့ ရရှိသွားခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ မက်တော်မီနေးရဲ့ ညံ့ဖျင်းမှုတွေကြောင့်လို့ ယူဆရပြီး ဘောလုံးကို ရှင်းရှင်းလင်းလင်းမဖျက်ထုတ်တာ၊ ကိုယ့်နေရာမှာ ကိုယ်မရှိခဲ့တာတွေကြောင့်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နည်းပြအဆက်ဆက်မှာကလည်း ဒီကစားသမားနှစ်ဦးကို ကွင်းလယ်မှာ အသုံးပြုနေခဲ့လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် တန်ဟက်ဂျ်လက်ထက်မှာလည်း သူတို့နှစ်ဦးကိုပဲ ထည့်သွင်းအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ 

ရွိုင်ကိန်းက "ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ရဲ့ ဆုံးဖြတ်ချက်ချမှတ်ပုံနဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေးအကြောင်း ကျနော် တော်တော်ကြာကြာကတည်းက ပြောဖူးပါတယ်၊ သူတို့မှာ လုံလောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပါဘူး၊ ယူနိုက်တက်က ထိပ်ပိုင်းအဆင့်တွေကို ပြိုင်ဆိုင်ဖို့ဆိုရင် ဒီကစားသမားတွေနဲ့မရပါဘူး၊ ရက်သတ္တပတ်တိုင်းမှာ ကျနော်တို့ မြင်တွေ့နေရတယ်၊ အသင်းမှာ သူတို့မပါသင့်တော့ဘူး"

"ဒုတိယပိုင်းမှာ သူတို့ လောင်းကစားဆန်ဆန်ကစားခဲ့ရပြီး အဲရစ်ဆန်က နောက်ပြန်ဆင်းပြီး ကစားချိန်မှာ သူ့ရဲ့အကောင်းဆုံးနေရာမှာ ရှိကောင်းရှိနေနိုင်ပေမယ့် အဲဒီဆုံးဖြတ်ချက်ချမှတ်ခဲ့တာက တော်တော်လေးနောက်ကျသွားခဲ့ပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂျ်ဟာ ဒုတိယပိုင်းမှာ ဖရက်ဒ်၊ မက်တော်မီနေးတို့ကို လူစားလဲလှယ်ခဲ့ပြီး ပြင်ဆင်ခဲ့ပေမယ့် ချေပဂိုးတဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။ 


မက်တော်မီနေးကလည်း ဘရိုက်တန်ကစားသမားတဦးကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့ရာမှာ ကံကောင်းလို့အဝါကတ်သာ ထိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖျက်ထုတ်မှုက တော်တော်လေးဆိုးဝါးပြီး အနီကတ်ပါ ပြသခံရနိုင်တဲ့အနေအထားဖြစ်ခဲ့တာပါ။ 

Share

Loading Next Article...
က္က