ဟယ်ရီကိန်းက တစ်ဂိုးသွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသစ် ဟယ်ရီကိန်းလည်း ပါဝင်ခဲ့ပြီး ခြေစွမ်းပြကာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ 



ဒီပွဲမတိုင်ခင် နည်းပြ တူဟယ်လ်ပြောခဲ့သလိုပဲ ဟယ်ရီကိန်းက အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး ပွဲကစားချိန် (၄) မိနစ်မှာတင် ဆာနေးရဲ့ အဖွင့်ဂိုးအတွက် ဟယ်ရီကိန်းက ဖန်တီးပေးခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအပြင် နောက်ခံလူသစ် ကင်မင်ဂျေးလည်း ပွဲထွက်ကစားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် (၇၄) မိနစ်မှာတော့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ အယ်လ်ဖွန်ဆိုဒေးဗီးစ်က ဖန်တီးပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ တူဟယ်လ်က ဟယ်ရီကိန်း၊ ကိုးမန်း၊ မူဆီအာလာတို့ကို အနားပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ရဲ့ သွင်းဂိုးတွေက ရပ်တန့်သွားခြင်းမရှိဘဲ ပွဲကစားချိန် မိနစ် (၉၀) မှာ ဆာနေး၊ မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာ မက်သ်တဲလ်စ်တို့က ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ ရာသီပွဲဦးထွက်မှာ အဖွင့်လှခဲ့ပြီး ဟယ်ရီကိန်းအတွက်လည်း အသင်းသစ်နဲ့ ပထမဆုံးလိဂ်ပွဲဦးထွက်မှာ မျက်နှာပန်းလှခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ အပတ်က လိုက်ပ်ဇစ်ကို ဂျာမန်စူပါဖလားပွဲမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလားတစ်လုံးနဲ့ လွဲချော်ခဲ့ရပါတယ်။ အဆိုပါပွဲမှာလည်း ဟယ်ရီကိန်းတစ်ယောက် လူစားဝင်ကစားခဲ့ပေမယ့် ဟယ်ရီကိန်းက ဂိုးမသွင်းနိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်ကလည်း တစ်ဂိုးမှပြန်မရခဲ့ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။ 

Share

Loading Next Article...
က္က