အဆိုတော်ထက်ယံနဲ့ မပပထက်ဦးတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို ဧပြီလ ၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၉ရက်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။

အဆိုတော် ထက်ယံက ယခုနှစ် မေလ ၉ ရက်က ၇ နှစ်တာ တွဲခဲ့တဲ့ သူရဲ့ချစ်သူနဲ့ လက်ထပ်သွားပြီပဲ ဖြစ်ပါတယ်။ အဆိုတော် ထက်ယံရယ်လို့ မဖြစ်လာခင်ကတည်းက ဘေးမှာ အားပေးဖော်အဖြစ် ရှိခဲ့တဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲခဲ့ပါ။



"ပရိသတ်တွေအတွက် Surprise ဖြစ်သွားတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း ကြိုစီစဥ် ထားတာမျိုးမဟုတ်ပါဘူး။ ကျွန်တော့်ကောင်မလေးကတော့ ကျွန်တော့်ပရိသတ်တွေ အကုန်သိပါတယ်။ သီချင်းထဲက ပပဝတီနဲ့ပါပဲ" လို့ မေလ ၁၈ ရက်နေ့က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ - ထက်ယံဖေ့စ်ဘွတ် / INFINITE

ဘေးမှာ ၇ နှစ်ကျော်လုံး အားပေးခဲ့ပြီး အမြဲတမ်း ကောင်းအတူဆိုးအတူရှိခဲ့တဲ့ ချစ်သူဖြစ်တာကြောင့် လက်တွဲဖော်အဖြစ်နဲ့ ဘေးမှာ ရှိနေပေးတာ ကျေးဇူးတင်ကြောင်း မင်္ဂလာစင်မြင့်ထက်မှာ သတို့သမီးကို ပြောခဲ့တဲ့ကြောင့် ပရိသတ်တွေအကြွေကြီး ကြွေခဲ့ရပါသေးတယ်။

"ကျွန်တော်တက်ခဲ့ဖူးတဲ့ပွဲတွေ အများကြီးရှိပါတယ်။ ကျွန်တော့်မင်္ဂလာပွဲလောက် ဘယ်ပွဲကိုမှ ရင်မခုန်ခဲ့ဖူးဘူး။ ဒီပွဲကတော့ ကျွန်တော်ရင်အခုန်ရဆုံးပွဲလေးပါပဲ"လို့ ထက်ယံက မင်္ဂလာပွဲနေ့ကို ပြန်လည်မြင်ယောင်ရင်း ကျေနပ်စွာနဲ့ ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ - ထက်ယံဖေ့စ်ဘွတ် / INFINITE

အိမ်ထောင်သည်ဖြစ်သွားပေမဲ့ အရင်အတိုင်း သီချင်းသစ်တွေ အများကြီးဖန်တီးသွားဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။

အဆိုတော်ထက်ယံနဲ့ မပပထက်ဦးတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို  ဧပြီလ ၆ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၉ရက်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။ 

အဆိုတော် ထက်ယံက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ "4" ဆိုတဲ့ Album မှာ X Box ရွှေထူး ၊ Lil"Z တို့နဲ့ အတူ ပါဝင်သီဆိုရင်း လူသိများလာခဲ့တာ ဖြစ်ပြီး ထက်ယံရယ်လို့ ဖြစ်လာစေတဲ့ သီချင်းတွေ ကတော့ "Good Luck "နဲ့ "နန်း"ဆိုတဲ့သီချင်းတွေပါ။ ၂၀၁၆ခု နှစ်မှာ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ "New "တေးအယ်လ်ဘမ်ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင် ထက်ယံက ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က