ဒီနေ့မှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရမှာပါ။

ဒီနေ့မှာကစားရမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် သူ အသင့်ဖြစ်နေပြီလို့ ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ဒါဟာ သူ့ကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းဖို့အတွက် နည်းပြတန်ဟက်ဂျ်ကို ရော်နယ်ဒိုက တွန်းအားပေးလိုက်တာလည်း ဖြစ်ကာ အသင်းတိုက်စစ်ပိုင်းကို သူ ဦးဆောင်သွားမယ်လို့လည်း သွယ်ဝိုက်ပြောဆိုခဲ့တာလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။



အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ရာသီကြိုကာလမှာ ၄၅ မိနစ်သာ ကစားပေးထားခဲ့သူဖြစ်ပါတယ်။ အသင်းနဲ့ပူးပေါင်းလေ့ကျင့်ချိန်လည်း နည်းပါးတာကြောင့် နည်းပြတန်ဟက်ဂျ်က သူ့ကို ကြံ့ခိုင်မှုအပြည့်အ၀ရှိအောင် လုပ်ထားဖို့ သတိပေးထားခဲ့ပြီး အခုအခါမှာတော့ ပေါ်တူဂီသားက အသင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။ 

ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ် story မှာ ဗယ်လက်ကာနိုနဲ့ပွဲက ဓာတ်ပုံကို တင်ထားခဲ့ပြီး "Ready" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ ပွဲကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်၀နေပြီး အသင့်အနေအထားမှာရောက်နေပြီဆိုတာ တန်ဟက်ဂျ်ကို အရိပ်အမြွက်ပြောဆိုခဲ့တာဖြစ်ပြီး လူစာရင်းမှာ သူ ပါဝင်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်အတွက် ရာသီကြိုပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ အန်သိုနီမာရှယ်က ဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒီအတွက် တန်ဟက်ဂျ်မှာ အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ် ရော်နယ်ဒိုတဦးတည်းသာရှိနေတာ့ဖြစ်ပါတယ်။ အစောပိုင်းမှာ မာရှယ်ကို သေချာပေါက်ထည့်သွင်းဖို့ရှိနေခဲ့ပေမယ့် အခုအခါမှာတ​ော့ ရော်နယ်ဒိုကိုသာ တန်ဟက်ဂျ်က အသုံးပြုရဖွယ်ရှိနေပါတယ်။ 

ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့အတွက် ပြောဆိုထားခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက်ရှိနေတာဖြစ်ပါတယ်။ စျေးကွက်ပိတ်သိမ်းဖို့ကလည်း အချိန်အတန်ကြာလိုအပ်သေးတာမို့ သူ့အနာဂတ်က ဘယ်လိုတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က