တော့ဒ် ဘိုလီက စနေနေ့က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲကို ဝင်လာပြီးနောက် အသင်းရဲ့ လက်ရှိအခြေအနေဟာ အရှက်ရစရာကောင်းတယ်လို့ ချဲလ်ဆီးကစားသမားတွေကို ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ စင်ရော်တွေကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြ လမ်းပတ် အသင်းကို ယာယီနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာပြီးကတည်းက ၃ ပွဲဆက် ရှုံးနိမ့်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။
တော့ဒ် ဘိုလီဟာ အခြားပူးတွဲအသင်းပိုင်ရှင်တွေဖြစ်တဲ့ အက်ဂ်ဘာလီ၊ ဟန်ဟော့ဂ် ဝိစ်တို့နဲ့အတူ စတမ်းဖို့ဒ် ဘရစ်ချ်မှာ တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က အဝတ်လဲခန်းထဲကို ဝင်လာပြီး အသင်းသားတွေနဲ့ တိုက်ရိုက်စကားပြောခဲ့တာဖြစ်ပါတယ်။
Daily Telegraph ရဲ့ ဖော်ပြချက်အရ ပူးတွဲအသင်းပိုင်ရှင်တွေဟာ ၎င်းတို့ရဲ့ လက်ရှိ ခံစားချက်ကို မပြောခင် နည်းပြ လမ်းပတ်ရဲ့ ပွဲအပြီး အကဲဖြတ်သုံးသပ်မှုတွေကို ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းပေးခဲ့တယ်လို့ သိရပါတယ်။
တော့ဒ် ဘိုလီဟာ ပေါင်သန်း ၆၀၀ ကျော် သုံးစွဲပေးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေရမှုဟာ မျှော်မှန်းထားတာနဲ့ တော်တော်လေး အလှမ်းကွာနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် အသင်းရဲ့ လက်ရှိ ရလဒ်ဆိုးရွားနေမှုတွေကို အရှက်ရစရာအဖြစ် ပြောဆိုခဲ့တာဖြစ်ပါတယ်။