မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ဘရိုက်တန်ကို ၄-၀ နဲ့ အရှက်တကွဲအရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အဝတ်လဲခန်းအတွင်း မိနစ် ၂၀ ကြာ တဦးတည်းရှိနေခဲ့ပြီး ဝမ်းနည်းကြေကွဲခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲပါတယ်။ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးရှုံးနိမ့်မှုတွေထဲက တပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ပွဲဖြစ်ပြီး ရော်နယ်ဒိုအတွက် စိတ်ပျက်ဖွယ်ရာကောင်းခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့တဲ့ ရှုံးပွဲဖြစ်ခဲ့ပြီး အဝေးကွင်းမှာ ဘယ်လိုမှနာလန်မထူနိုင်အောင် ဖြစ်ခဲ့ရတာပါ။ မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက် ရော်နယ်ဒိုဟာ အသင်းရဲ့ အားထုတ်မှုအပေါ်မှာ အစာမကျေဖြစ်နေခဲ့ပြီး ဒေါသထွက်နေခဲ့တယ်လိ့လည်း ဆိုပါတယ်။
ဘရိုက်တန်က လေးဂိုးမြောက်သွင်းယူခဲ့ချိန်မှာ ရော်နယ်ဒိုတယောက် ရယ်မောနေခဲ့ပြီး သူ့ရဲ့စိတ်ပျက်မှုကိုပါ ဖော်ပြသွားခဲ့တာကို အားလုံးတွေ့မြင်ခဲ့ရပါသေးတယ်။ ပွဲအပြီးမှာတော့ ကစားသမားအားလုံးကွင်းအတွင်းက ထွက်ခွာလာခဲ့ကြပေမယ့် ကနဦးမှာ ရော်နယ်ဒိုလည်း ထွက်ခွာခဲ့ပြီး ကားမောင်းသူက စောင့်ဆိုင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အဝတ်လဲခန်းထဲကို ပြန်ဝင်သွားခဲ့ပြီးနောက် တဦးတည်း ထိုင်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
နည်းပြတွေထွက်သွားပြီးတာနဲ့ သူ ပြန်လာခဲ့မယ်လို့လည်း ရော်နယ်ဒိုက ယာဉ်မောင်းကို အကြောင်းကြားခဲ့ကြောင်း သိရပြီး မိနစ် ၂၀ ခန့်အထိ အဝတ်လဲခန်းထဲမှာ တဦးတည်းရှိနေခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ကျော်အထိ သွင်းယူပေးခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ အသင်းဖော်၊ ယာယီနည်းပြရန်းဂ်နစ်ခ်တို့အပေါ် တော်တော်လေး စိတ်ပျက်ခဲ့တယ်လို့လည်း သိရပါတယ်။