အဝေးကွင်းမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။

ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာကတော့ လူမှုကွန်ရက်တွေပေါ်မှာ လှောင်ပြောင်ခံနေရပါတယ်။ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံချိန်မှာ ပေါ်တာတယောက် မျက်နှာပန်းမလှဖြစ်ခဲ့ရပြီး သူ့ရဲ့ တပည့်ဟောင်းတွေက ခြေစွမ်းပြခဲ့ကာ ကြီးမားတဲ့ နိုင်ပွဲတပွဲကို ရယူသွားခဲ့ပါတယ်။ 

ဘရိုက်တန်နည်းပြဘ၀မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် နာမည်ကြီးလာခဲ့တဲ့ ပေါ်တာက ချယ်လ်ဆီးကို ပြောင်းရွှေ့သွားခဲ့တာပါ။ ချယ်လ်ဆီးနည်းပြဘ၀မှာ ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပေါ်တာက ပိုင်ဆိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်အောင်ပါ စွမ်းဆောင်ပေးထားခဲ့လို့ အချိန်တိုအတွင်းမှာပဲ အသင်းပရိသတ်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် မနေ့ကတော့ အသင်းဟောင်းနဲ့ပြန်အတွေ့မှာ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ရပြီး ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ချာလိုဘက်နဲ့ လော့တပ်ချိခ်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေနဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဘရိုက်တန်ကတော့ နည်းပြသစ်လက်ထက်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပြီး ချယ်လ်ဆီးနဲ့အတွေ့မှာမှ နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ဂရေဟမ်ပေါ်တာကို "ချယ်လ်ဆီးတို့ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့စဉ်က အသင်းဟောင်းနဲ့တွေ့ရင် ၃ မှတ်ပေးရမယ်ဆိုတဲ့ သဘောတူညီမှု ရှိခဲ့လား"လို့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ အခြားပရိသတ်တွေကလည်း "ပေါ်တာက ဂျာစီအရောင်ချင်းမှားပြီး ကိုင်တွယ်နေတာလား" လို့ ပြောဆိုခဲ့ကြသလို အသင်းဟောင်းနိုင်ပွဲရဖို့ ကူညီပေးခဲ့ပြန်ပြီလို့လည်း နောက်ပြောင်ခဲ့ကြပါတယ်။ 


ဘရိုက်တန်ရဲ့ ချယ်လ်ဆိးကို အနိုင်ရရှိခဲ့မှုဟာ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က