မိုးရေထဲမှာ ကုပ်ချောင်းခေျာင်းနဲ့ လိုက်ရှာနေတဲ့ပုံစံက ရယ်ချင်စရာကောင်းနေခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက အမ်းမရိတ်မှာ ဘရိုက်တန်နဲ့ ကစားခဲ့စဉ် သွားကျွတ်ဖူးတဲ့ ဂါဘရီရယ်အတွက် နောက်ထပ်တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။


မနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ဟာ ဘရိုက်တန်ဂိုးသမားရဲ့ တံတောင်နဲ့အရိုက်ခံခဲ့ရတဲ့နောက် သွားတွေကျွတ်ထွက်ခဲ့ပါတယ်။ ပြန်တွေ့တဲ့ သွားတွေကို နည်းပြအဖွဲ့ဝင်တစ်ဦးစီပေးခဲ့ပြီး ဆက်ကန်နေခဲ့ကာ ပွဲအပြီးမှာတော့ ကျန်နေတဲ့သွားတွေကို သဲကြီးမဲကြီးလိုက်ရှာနေခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 



ဒါဟာ ပြီးခဲ့တဲ့မေလတုန်းက အမ်းမရိတ်မှာ ဘရိုက်တန်နဲ့ ကစားခဲ့စဉ် သွားကျွတ်ဖူးတဲ့ ဂါဘရီရယ်အတွက် နောက်ထပ်တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၁ အတွင်း ဘရိုက်တန်ကို အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ သွားကျိုးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီး သူ့အဖြစ်ကတော့ ငိုအားထက် ရယ်အားသန်နေခဲ့ရပါတယ်။

 

မေလတုန်းကတော့ အုပ်စုလိုက်ပွေ့ဖက်ခဲ့ရာကနေ အသင်းဖော်ဟောင်းဒေးဗစ်လုဇ်နဲ့ ထိမိကာ သွားကျွတ်ခဲ့ပြီး အချိန်အတော်ကြာလိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ သိရပါတယ်။ မနေ့က ပွဲစဉ်မှာလည်း သွားကျိုးခဲ့ပြီးနောက် ပြန်တွေ့ခဲ့တဲ့ သွားတချို့ကို ကွင်းဘေးက အာဆင်နယ်နည်းပြအဖွဲ့ဝင် ရှက်ဒ်ဖော်ဆိုက်ဆီသွားပေးခဲ့ပြီး ပွဲအပြီးမှာ ကျန်နေတဲ့သွားကို မိုးရေထဲ သဲကြီးမဲကြီးလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။ 

သူ့ရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ဟာသလုပ်ပြောဆိုနေခဲ့ကာ မိုးရေထဲ ကုပ်ချောင်းချောင်းနဲ့လိုက်ရှာနေတဲ့ ဂါဘရီရယ်ရဲ့ ပုံစံကလည်း တကယ်ရယ်စရာကောင်းခဲ့ပါတယ်။ 


တစ်ဦးက "ဘရိုက်တန်နဲ့ကစားတိုင်း ဒီလိုပဲ သွားတွေ ကျွတ်ထွက်နေမှာလား" လို ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကတော့ "ဘာလို တခြားလူတွေက သူ့ကို ကူပြီးမရှာပေးတာလဲ" လို မေးခွန်းထုတ်ခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကတော့ "၂၁ ရာစုမှာ စပါးက (အာဆင်နယ်ရဲ့မြိုခံပြိုင်ဘက်အသင်း) ဖလားတစ်လုံးပဲရတယ်၊ ဂါဘရီရယ်ကတော့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ၂၀၂၁ အတွင်းမှာပဲ သွားနှစ်ခါကျွတ်ထွက်သွားပြီ" လို ရေးသားကာ လှောင်ပြောင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က