ရော်ဂျာက ရာသီကုန်ထိစောင့်ဆိုင်းပေးဖို့ ပြောဆိုထားကြောင်း ဆိုပါတယ်။

မန်စီးတီးကို အိမ်ကွင်းမှာအရေးနိမ့်ပြီးနောက် ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ ပရိသတ်တွေက တောင်းဆိုနေကြပြီဖြစ်ကာ ဘုတ်အဖွဲ့က အပြောင်းအလဲလုပ်တော့မှာလားဆိုတာက စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။


မန်ချက်စတာယူနိက်တက်အသင်းဟာ နည်းပြသစ်ရာထူးအဖြစ် လက်စတာနည်းပြဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိထားကြောင်း ကောလာဟလသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာအရေးနိမ့်ပြီးနောက် ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ ပရိသတ်တွေက



တောင်းဆိုနေကြပြီဖြစ်ကာ ဘုတ်အဖွဲ့က အပြောင်းအလဲလုပ်တော့မှာလားဆိုတာက စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

ဒီရာသီမှာ အသင်းအတွက် ကစားသမားကောင်းတွေကို ခေါ်ယူပေးထားခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ဟန်ချက်ညီအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်။ လီဗာပူးလ်ကိုလည်း အိမ်ကွင်းမှာပဲ ၅-၀ နဲ့ ရုပ်ပျက်ဆင်းပျက်ရှုံးနိမ့်ခဲ့သလို မန်စီးတီးကိုပါ ထပ်ရှုံးခဲ့လို့ ပရီးမီးယားလိဂ်အိမ်ကွင်းနှစ်ပွဲဆက်တိုက်

အရေးနိမ့်ခဲ့ကာ ဒီရာသီကတော့ လာမယ့်ရာသီဥရောပပြိုင်ပွဲတွေ ဝင်ရောက်ကစားဖို့အတွက်ကိုပဲ ရည်ရွယ်ရတော့မလိုဖြစ်လာခဲ့ပါတယ်။ 

CaughtOffside က ဖော်ပြခဲ့တဲ့သတင်းကို ကိုးကားပြီး မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ရာမှာတော့ ဆိုးလ်ရှားနေရာအတွက် ရော်ဂျာကိုအစားထိုးဖို့ ယူနိုက်တက်က စီစဉ်နေကာ ရော်ဂျာကလည်း အိုးထရက်ဖို့ဒ်ပဲ့ကိုင်ရှင်ရာထူးကို လက်ခံဖို့အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ချက်ချင်းအလိုရှိနေပေမယ့် ဘရန်ဒန်ရော်ဂျာကတော့ ရာသီကုန်ထိ စောင့်ဆိုင်းနေချင်တယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာလည်း ယူနိုက်တက်နည်းပြရာထူးအတွက် ရော်ဂျာက ရေပန်းအစားဆုံးဖြစ်နေပြီး သူ့နောက်မှာ ဇီဒန်း၊ ရန်ဂ်နစ်၊ ပိုချက်တီနို၊ တန်ဟက်၊ အယ်လီဂရီတို့ အစဉ်လိုက်ရှိနေပါတယ်။ ရော်ဂျာနဲ့ နှုတ်အားဖြင့် သဘောတူညီထားတယ်ဆိုတာကို အခြားသော သတင်းဌာနကြီးတွေက ဖော်ပြခြင်းမျိုးမရှိတာကြောင့် ယုံကြည်ဖို့ခက်နေပြီး ကောလာဟလသတင်းသာဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားအတွက် နည်းပြထိုင်ခုံက အလှုပ်ခတ်ဆုံးအချိန်ဖြစ်နေပြီဆိုတာကတော့ သေချာလာပြီဖြစ်ပါတယ်။

Share

က္က