ယူနိက်တက်နဲ့ပွဲမှာ ပေါင်ကြားထဲကနေ ဘောလုံးထုတ်ပြသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် သွင်းဂိုးပါဝင်ပတ်သက်မှုမလုပ်နိုင်ခဲ့ပေမယ့် မာတင်အိုဒီဂတ်ကတော့ ပြိုင်ဘက်နောက်ခံလူရာဖေးလ်ဗာရာနီကို လုပ်ပြခဲ့တဲ့ အကွက်ကြောင့် ချီးကျူးခံနေရပါတယ်။ အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အိုဒီဂတ်က ရီးရဲလ်အသင်းဖော်ဟောင်းကို ပေါင်ကြားထဲကနေ လှလှပပနဲ့ ဘောလုံးထုတ်ပြသွားခဲ့တာပါ။ 

ပွဲချိန်ဒုတိယပိုင်းမှာ သူက လုပ်ပြခဲ့တာပါ။ ယူနိုက်တက်အသင်းရဲ့ ညာဘက်ခြမ်းဧရိယာနားလောက်မှာ အသင်းဖော်တဦးနဲ့အတူ အပေးအယူလုပ်နေပြီး သူ့ဆီက ဘောလုံးကိုဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဗာရာနီရဲ့ ပေါင်ကြားထဲကနေ ဘောလုံးကို ဆွဲထုတ်သွားခဲ့တာပါ။ အဲဒီအခိုက်အတန့်ကို အာဆင်နယ်ပရိသတ်တွေက သဘောကျနေကြပြီး အခုလိုပဲ ပြောဆိုခဲ့ကြပါတယ်။ 



"အိုဒီဂတ်က ဗာရာနီကို ရီးရဲလ်မက်ဒရစ်ဆီ ပြန်ပို့လိုက်တာပဲ" ၊ "ချန်ပီယံလိဂ်က ဗာရာနီကို ကွန်ဖရင့်လိဂ်က ဗာရာနီအဖြစ်နဲ့ အိုဒီဂတ်က ပြောင်းလဲပေးလိုက်တယ်" ၊ "အိုဒီဂတ်က ဗာရာနီကို မြောင်းထဲပို့လိုက်တာ" လို့ ရေးသားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဘာနေဗျူးမှာ အသင်းဖော်တွေအဖြစ် ခဏတာကစားခဲ့ဖူးသူတွေဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ ယူနိုက်တက်ကို အနိုင်ရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အလမ်းကောင်းသွားခဲ့ပါတယ်။ ချယ်လ်ဆီးကို အနိင်ယူပြီး ဆက်တိုက်နိုင်ပွဲရခဲ့တာဖြစ်ကာ စပါးက သရေကျသွားခဲ့လို့ သူတို့ရဲ့ အဆင့် ၄ နေရာရရှိရေးမျှော်လင့်ချက်တွေက ပြန်လည်ရှင်သန်လာခဲ့ပြီး လက်ကျန်ပွဲတွေက ပိုပြီးတော့ အကြိတ်အနယ်ရှိလာတော့မှာပါ။ 

Share

Loading Next Article...
က္က