ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က ပြောကြားခဲ့တာပါ။

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က မနေ့ညက ယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ယူနိုက်တက်တို့ မယုံနိုင်စရာကောင်းလောက်အောင်ကို ကံကောင်းသွားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ ယူနိုက်တက်တို့ ဘရန့်ဖို့ဒ်ကွင်းမှာတော့ ၁-၃ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။



ဒါပေမယ့် ပထမပိုင်းမှာ ဘရန့်ဖို့ဒ် ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးတွေက ယူနိုက်တက်ကို ဂိုးပြတ်ရှုံးသွားစေနိုင်လောက်ပြီး ဂိုးသမား ဒီဂီယာ အကောင်းဆုံး လက်စွမ်းပြခဲ့တာကြောင့်သာ ယူနိုက်တက်တို့ သက်သာသွားခဲ့တာဖြစ်ပါတယ်။

အပိုင်အခွင့်အရေး (၂) ကြိမ်လောက်ကို ဒီဂီယာ အနီးကပ် ကာကွယ်ခဲ့ရပြီး အဲ့ဒီဂိုးတွေကိုသာ ခွင့်ပြုလိုက်ရင် ပွဲရလဒ်က တမျိုးတဖုံဖြစ်သွားနိုင်တာ သေချာပါတယ်။

ဒီလိုမျိုး အနေအထားတွေနဲ့ ပတ်သက်လို့ ပွဲအပြီးမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က “ကျနော့်အသင်းအတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့က ပရီးမီးယားလိဂ်မှာ အသေးငယ်ဆုံး၊ ယူနိုက်တက်က အကြီးမားဆုံးပါ။ ပထမပိုင်းမှာ ကျနော်တို့ သူတို့ကို ဖျက်စီးပစ်ခဲ့ပြီး သူတို့ ရှိုက်ကြီးတငင်ပါပဲ”

“ကျနော်တို့ရခဲ့တဲ့ အပိုင်အခွင့်အရေးသုံးကြိမ်က ဒီပွဲကို အလှည့်အပြောင်းဖြစ်စေနိုင်ပါတယ်။ သူတို့ ကံကောင်းသွားတာများ ယုံတောင်မယုံနိုင်စရာပါပဲ။ ဒီဂီယာကို လေးစားပါတယ်။ နောက်တခါ ဒီလို အခွင့်အရေးတွေ ထပ်ရရင်တော့ တလုံးလောက်တော့ ဂိုးသွားမှာပါ”

“ကျနော်တို့ကို ရင်ဆိုင်ဖို့ ယူနိုက်တက်က အပြောင်းအလဲတွေလုပ်ခဲ့ပြီး ကျနော်တို့ရဲ့ ပြင်းထန်အားတွေက သူတို့ကို သတ်ပစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ အီလန်ဂါ၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ပြီး ဘရန့်ဖို့ဒ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ တိုနေးက ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က