နေမာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံရဲ့သမ္မတရွေးကောက်ပွဲအပြီးမှာ အနိုင်ရရှိသူ လူလာဒါဆေးလ်ဗားအတွက် အောင်ပွဲခံနေတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နေမာရဲ့နာမည်ကို အော်ဟစ်ကာ ဆဲဆိုလှောင်ပြောင်ရင်း အောင်ပွဲခံခဲ့ကြပါတယ်။ နေမာဟာ ယခင်သမ္မတဟောင်း ဘော်ဆိုနာရိုကို ထောက်ခံသူတယောက်ဖြစ်ပြီး ဒါဟာ သူ့ရဲ့ အခွန်တိမ်းရှောင်းမှုတွေကို အထောက်အပံ့ဖြစ်စေဖို့လို့ ယုံကြည်နေကြပါတယ်။



လက်ဝဲဝါဒီ တက်ကြွသူတွေဟာ သမ္မတသစ် လူလာ မဲအရေအတွက်ရဲ့ (၅၁) ရာခိုင်နှုန်းကိုရရှိခဲ့တဲ့နောက် အောင်ပွဲခံခဲ့ကြပြီး ဒီလိုအောင်ပွဲခံတဲ့နေရာမှာ “နေမာ F*** ပဲကွာ။ နေမာရေ... မင်းတော့ အခွန်ဆောင်ရတော့မယ်” လို့ ဆဲဆိုခဲ့ကြပါတယ်။ လက်ရှိပီအက်စ်ဂျီကြယ်ပွင့် နေမာက သမ္မတသစ်ရွေးကောက်ပွဲမတိုင်ခင် ဘော်ဆိုနာရိုဘက်ကနေ ထောက်ခံအားပေးခဲ့တဲ့အပေါ် လက်ရှိသမ္မတသစ်ဖြစ်လာတဲ့ လူလာကလည်း အခုလို ဝေဖန်ခဲ့ပါသေးတယ်။

လူလာက “နေမာက ကျနော် ရွေးကောက်ပွဲနိုင်သွားမှာကို ကြောက်နေပါတယ်။ ဘော်ဆိုနာရိုက နေမာရဲ့ အကြွေးတွေ၊ အခွန်တွေကို လျှော်ပေးထားတာ ကျနော် သိပါတယ်။ အဲ့ဒါကြောင့် နေမာက ကျနော့်ကို ကြောက်နေတာပေါ့” လို့ ပြောကြားခဲ့ပါသေးတယ်။ နေမာရဲ့အမဖြစ်သူ ရာဖေလာဆန်းတို့စ်ကတော့ ဘရာဇီးသမ္မတအဖြစ် ဘော်ဆိုနာရိုဆက်ရှိနေမှသာ တိုင်းပြည်အတွက် ကောင်းမွန်နိုင်ကြောင်း ပြောကြားထားပါတယ်။

နေမာကတော့ ဒီဖြစ်ရပ်အပေါ် တစုံတရာ မှတ်ချက်မပေးထားပါဘူး။ ဒါပေမယ့် အခုလိုမျိုး နေမာကို ဆန့်ကျင်မယ့် လူတယောက် သမ္မတဖြစ်လာတာက နေမာအတွက် မနှစ်မြို့စရာဖြစ်ခဲ့ပါတယ်။ နေမာရဲ့ အခွန်ပြဿနာတွေအပေါ်မှာ သမ္မတသစ် လူလာတယောက် ဘယ်လိုမျိုး ကိုင်တွယ်သွားမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

နေမာဟာ အခု ကြားရက်မှာ ကစားမယ့် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဥ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာပါ။ ဒါ့အပြင် ကွင်းပြင်ပမှာလည်း နေမာတယောက် အခုလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်စရာနဲ့ ကြုံတွေ့ခဲ့ရပြီး နေမာအတွက် စိတ်ပျက်စရာ ရက်သတ္တပတ်ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က