နေအိမ်ကနေကြည့်ရှုပြီး ခုန်ပေါက်အောင်ပွဲခံခဲ့ကြတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ်လူစာရင်းကို မနေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ နာမည်ကျော်ကစားသမားအများစု ပါဝင်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခွင့်ရမယ့် ကစားသမားတွေပါ ရှိလာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ နေမာ၊ မာကွင်ဟို့စ်၊ သီယာဂိုဆေးလ်ဗားတို့လို ဝါရင့်ကစားသမားတွေက ဦးဆောင်လာမှာလည်းဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားအန်တိုနီကတော့ အသင်းရဲ့ ကစားသမားစာရင်းကြေညာမှုကို သူ့ရဲ့နေအိမ်မှာ သူငယ်ချင်းတွေနဲ့အတူ စောင့်ကြည့်နေခဲ့ပြီး သူ့နာမည်ပါဝင်လာချိန်မှာတော့ မျက်ရည်တွေကျတဲ့အထိ အောင်ပွဲခံသွားခဲ့ပါတယ်။ အန်တိုနီက သူ့ရဲ့ သူငယ်ချင်းတဦးနဲ့ ပွေ့ဖက်ကာ အောင်ပွဲခံသွားခဲ့ပြီး တော်တော်လေးကို ကျေနပ်ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 



စပါးတိုက်စစ်မှူးရစ်ချာလီဆန်ကလည်း နေအိမ်မှာ မိသားစုဆွေမျိုးတွေနဲ့အတူ စောင့်ကြည့်ခဲ့ပြီး သူ့နာမည်ပါဝင်လာချိန်မှာ အားလုံးပျော်ပျော်ပါးပါးပဲ အောင်ပွဲခံနေခဲ့ကြပါတယ်။ ရစ်ချာလီဆန်ဟာ ဘရာဇီးလ်အတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံရတုန်းကလည်း နေအိမ်မှာ အခုလိုပဲ ဝိုင်းဝန်းစောင့်ကြည့်ခဲ့ပြီး ရွေးချယ်ခံရချိန်မှာ ခုန်ပေါက်အောင်ပွဲခံခဲ့ဖူးပါသေးတယ်။ 

ပရီးမီးယားလိဂ်ကစားသမားအများစု ပါဝင်လာခဲ့ပြီး ဂိုးသမားအဖြစ် အယ်လစ်ဆန်၊ အီဒါဆန်၊ ခံစစ်ပိုင်းမှာ သီယာဂိုဆေးလ်ဗား၊ ကွင်းလယ်ပိုင်းမှာတော့ ကက်စ်မဲရိုး၊ ဖာဘင်ဟို၊ ဘရူနိုဂွီမာရေ့စ်၊ ဖရက်စ်၊ တိုက်စစ်ပိုင်းမှာ ဂျီးဆပ်၊ အန်တိုနီ၊ ရစ်ချာလီဆန်၊ မာတင်နယ်လီတို့ ပါဝင်ခဲ့ကြကာ ဂျီးဆပ်နဲ့ မာတင်နယ်လီတို့ကတော့ နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲလူစာရင်းမှာ မပါဝင်ပေမယ့် အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ 



နောက်ထပ်ကစားသမားတွေအဖြစ် ဂိုးသမား ဝက်ဗာတ်၊ ခံစစ်မှာ ဒန်နီလို၊ အဲဗက်စ်၊ ဆန်ဒရို၊ မာကွင်ဟို့စ်၊ အဲလက်စ်တဲလက်စ်၊ မီလီတာအို၊ ကွင်းလယ်မှာ ဘရီမာ၊ ပါကွေတာ၊ ရီဘာရီယို၊ တိုက်စစ်မှာ နေမာ၊ ဗင်နီရှပ်၊ ရာဖင်ဟာ၊ ရိုဒရိုင်ဂိုနဲ့ ပက်ဒရို တို့ ပါဝင်လာခဲ့ပါတယ်။ ဘရာဇီးလ်ကတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က