ဂွာဒီယိုလာအတွက် ဒီရာသီပထမဆုံးအိမ်ကွင်းရှုံးပွဲဖြစ်ခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူတို့အသင်း ပြန်လာမယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဘရန်ဖို့ဒ်ကို ရှုံးနိမ့်အပြီးမှာ ပြောဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဘရန့်ဖို့ဒ်ကို မန်စီးတီးတို့ အရေးနိမ့်ခဲ့ပြီး နောက်ကျပွဲမှာတော့ အာဆင်နယ်က ၀ုလ်ကိုအနိုင်ရရှိခဲ့တာကြောင့် သူတို့နှစ်သင်းကြားမှာ ၅ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးတို့ အမီလိုက်ဖို့ အားထုတ်ရတော့မှာပါ။ 

ဂွာဒီယိုလာရဲ့ အသင်းဟာ ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ချေပဂိုးပြန်ရဖို့ ဆက်တိုက်ဖိအားပေးကစားခဲ့ကာ ဖိုဒန်ရဲ့ လှပတဲ့ ကန်သွင်းချက်နဲ့ ချေပဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးကပဲ ပွဲကိုထိန်းချုပ်ထားခဲ့ပြီး အနိုင်ဂိုးရဖို့ တသင်းလုံးဖိအားတက်ပေးခဲ့ပေမယ့် ဂိုးနဲ့အလှမ်းဝေးနေခဲ့ပြီး ဘရန့်ဖို့ဒ်က တန်ပြန်တိုက်စစ်ကနေ အဖိုးတန်အနိုင်ဂိုးသွင်းကာ ဒီရာသီမှာ မန်စီးတီးကို ပထမဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်စေခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ဂွာဒီယိုလာက ""ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာပါပဲ၊ အကောင်းဆုံးအသင်းက နိုင်မှာပဲ၊ Long Balls တွေ အများကြီးကနေ ကျနော်တို့ အခက်တွေ့ခဲ့ရတယ်၊ ကိုယ့်အသင်းရဲ့ စည်းချက်မှန်မှုကို မပြသနိုင်ခဲ့ဘူး၊ နေရာလွတ်တွေလည်း သေးသေးလေးတွေပဲရခဲ့ပြီး အရည်အသွေးလိုအပ်နေခဲ့ပါတယ်၊ ပြီးတော့ အခက်တ​ွေ့နေရတယ်၊ ဒါပေမယ့် သူတို့က ပိုကောင်းတဲ့အသင်းပါ၊ ဒါကို ကျနော်လက်ခံပါတယ်"

"နည်းစနစ်ပိုင်းမှာ ပြသနာရှိမယ်လို့ ကျနော်ထင်တယ်၊ ကျနော့်ကောင်လေးတွေ ဘယ်လောက်တောင်မှ ပြေးလွှားခဲ့လဲ ခင်ဗျားတို့ တွေ့မှာပဲ၊ သူတို့ ဘယ်လိုတိုက်ပွဲဝင်ခဲ့ကြလဲ မြင်မှာပဲ၊ second ball တွေနဲ့ long ball တွေမှာ တိုင်ပတ်နေတာဗျ၊ ဒါက ဘောလုံးပါပဲ၊ အခုတော့ အားလုံးအတွက် break time ပါပဲ၊ ဘရန့်ဖို့ဒ်ကို ဂုဏ်ပြုပါတယ်၊ ကျနော့်ကစားသမားတွေ ကမ္ဘာ့ဖလားမှာ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်၊ ပြီးရင် ကျနော်တို့ ပြန်လာမယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


မန်စီးတီးကတော့ ပြိုင်ပွဲပြန်စချိန်မှာ လိဒ်ယူနိုက်တက်၊ အဲဗာတန်၊ ချယ်လ်ဆီး၊ ယူနိုက်တက်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က