ဥရုဂွေးတိုက်စစ်မှူးဟာ ကောင်းမွန်တဲ့နေရာမှာ ရှိနေချိန်မှာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေ ဆက်တိုက်ဆိုသလို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါဝင် နူးညက်ဇ်ဟာ လီဗာပူးလ်အသင်းက တနင်္လာနေ့ည ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ထင်ပေါ်ကျော်ကြားတဲ့ ပီဇာကုမ္ပဏီ ဒိုမီနိုရဲ့ ရက်ရက်စက်စက် လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ဘရန့်တ်ဖို့ဒ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အီဘရာဟီမာ ကိုနာတီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးအပြင် ဝစ်ဆာ၊ အမ်ဘူးမိုတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘင်ဖီကာကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက နူးညက်ဇ်နဲ့ပတ်သက်ပြီး ဆူညံသံတွေ အများအပြားရှိခဲ့ကြတာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ကြီးမားတဲ့ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

နူးညက်ဇ်ဟာ လီဗာပူးလ်အတွက် ယခုရာသီ ၂၁ ပွဲ ပါဝင်ကစားပေးထားခဲ့ရာမှာ ၉ ဂိုး သွင်းယူပေးထားပေမယ့်လည်း အခွင့်အရေးတွေ ဖြုန်းတီးမှုကြောင့် မကြာခဏ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။ နူးညက်ဇ်ဟာ ဂိုးသမားကို ဖြတ်ကျော်ခဲ့ပြီးနောက် ဂိုးသွင်းယူဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်ချက်ကို ဘန် မီးက ဖျက်ထုတ်သွားခဲ့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ကောင်းမွန်တဲ့နေရာမှာ ရှိနေချိန်မှာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေ ဆက်တိုက်ဆိုသလို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါဝင် နူးညက်ဇ်အတွက် ပိုလို့တောင် ဆိုးရွားသွားစေခဲ့တဲ့အရာကတော့ ပီဇာကုမ္ပဏီဖြစ်တဲ့ ဒိုမီနိုက တွစ်တာပေါ်မှာ လီဗာပူးလ်တိုက်စစ်မှူးကို ရက်ရက်စက်စက် လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒိုမီနိုက ဒါဝင် နူးညက်ဇ်ရဲ့ ဓာတ်ပုံကို "ဒီည အော်ဒါတွေ လွဲချော်ခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဒီလူကို စပြီး အော်ဒါပို့မိလို့ပါ"ဆိုတဲ့ စာနဲ့အတူ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒါဝင် နူးညက်ဇ်ကို ပညာသားပါပါနဲ့ လှောင်ပြောင်ခဲ့တဲ့ ဒိုမီနိုရဲ့ ပို့စ်ကို လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်ခဲ့ပြီး "ဒါကြောင့် ဒိုမီနိုက အကောင်းဆုံးဖြစ်နေတာကိုး"လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဒိုမီနိုက ငါ့ကို အော်ဒါမှာချင်အောင် လုပ်နေတာပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က