ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက ဘန်လေကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ကက်စ်မဲရိုးရဲ့ လုပ်ရပ်တစ်ခုအတွက် ပဟေဠိဖြစ်နေရပါတယ်။ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်က အီဗန်စ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
ပွဲအပြီး အောင်ပွဲခံချိန်မှာတော့ ကက်စ်မဲရိုးက ဘရူနိုဖာနန်ဒက်စ်ကို လာရောက်ဂုဏ်ပြုခဲ့ပါတယ်။ ဒီလိုမျိုး ပွေ့ဖက် ဂုဏ်ပြုတဲ့နေရာမှာ ကက်စ်မဲရိုးက ဘရူနိုဖာနန်ဒက်စ် ခေါင်းကိုကိုင်ထားရင်း တစ်စုံတစ်ခုကို ရေရွတ်ခဲ့တာ ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ကက်စ်မဲရိုးရေ။ မင်းဆုတောင်းသလို ငါတို့လည်း ဆုတောင်းနေရပါတယ်” “ကက်စ်မဲရိုးက ဘာတွေလုပ်နေတာလဲ” “ဒီအောင်ပွဲခံမှုက ပြီးခဲ့တဲ့ (၂၀၀၀) ပြည့်နှစ်မှာ R&B အဆိုတော်တစ်ယောက် သီချင်းသွင်းနေသလိုပါပဲ” “ဘရူနိုဖာနန်ဒက်စ် ဂိုးသွင်းပြီးတဲ့နောက် ကက်စ်မဲရိုးက ဆုတောင်းပေးနေတာလား” အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပြုခဲ့ပါတယ်။
ကက်စ်မဲရိုးကလည်း ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမစခင်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကက်စ်မဲရိုးက ရာသီတစ်လျှောက်လုံး အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပေမယ့် အခု ရာသီအစောပိုင်းမှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးလျက်ရှိပါတယ်။