သူယူမယ့်​ ကျောနံပါတ်နဲ့ အသင်းက ရွေးချယ်ပေးခဲ့တဲ့ နံပါတ်က ထူးထူးခြားခြား သွားတိုက်ဆိုင်နေခဲ့ပါတယ်။

ကျနော့်အတွက်တော့ နံပါတ် ၃၉ ဆိုတာက အရမ်းမှော်ဆန်တဲ့ ဂဏန်းပါ၊ အဲဒီနံပါတ်က ကျနော့်ဘ၀မှာ အရာရာတိုင်းကို ပေးခဲ့တယ်၊ ဘောလုံးသမားတဦးအနေနဲ့ ဒီနံပါတ်က ထူးဆန်းနေမယ်ဆိုတာ ကျနော်သိတယ်၊ ဒါပေမယ့် ကျနော့်အတွက်တော့ ထူးခြားတယ်၊ နယူးကာဆယ်မှာ က​ျနော် အဲဒီနံပါတ်ကိုပဲ ရွေးချယ်ခဲ့တာ၊ #039 ဆိုတဲ့နံပါတ်က ရီယိုဒီဂျနေရိုးက ကျနော့်အဖေရဲ့ တက္ကစီကားနံပါတ်ပါ၊ ကျနော် အက်သလက်တီကိုပါရာနဲဆီအသင်းကို ရောက်တဲ့အချိန်မှာ အဖေ့ဆီ ဖုန်းဆက်ခဲ့ပြီး ဘယ်နံပါတ်ယူရမလဲ၊ ၁၉၉၇ မှာ ကျနော်မွေးခဲ့လို့ ၉၇ ယူရမလားလို့ မေးခဲ့တယ်။

အဖေက "မင်း ဘာလို့ ၃၉ ကို မယူတာလဲ၊ အဲဒါက နံပါတ်တခုထက်ပိုတယ်ကွ၊ 039 က ငါတို့ကို လိုအပ်တာအကုန်ပေးခဲ့တာပဲ ဘရူနို၊ ငါတို့ရဲ့အိမ်၊ အဝတ်အစား၊ အစားသောက်၊ ပရိဘောဂတွေ၊ မင်းရဲ့ ဘောလုံးကန်ဖိနပ်၊ အဲဒါတွေအားလုံးက ငါ့ တက္ကစီကြောင့်ဖြစ်လာတာလေကွာ" ဆိုပြီး ပြန်ပြောတယ်။ ကျနော်လည်း "ဟုတ်၊ အဲဒီနံပါတ်ကောင်းတယ်" ဆိုပြီး ရွေးချယ်ခဲ့တာပဲ။ 

အသင်းမှာ ကျနော်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ယူဖို့အတွက် သွားတဲ့အချိန်မှာ သူတို့က ကျနော့်ကို အဝတ်လဲခန်းဆီ ခေါ်သွားခဲ့တယ်၊ အဲဒီမှာ ကျနော့်အတွက် လိုအပ်တဲ့ ပစ္စည်းအားလုံးကို ချထားပေးတယ်။ ကျနော်လည်း Kitman ကို "ကျနော့် ကျောနံပါတ်အကြောင်း မေးမလို့' ဆိုပြီး စကားစလိုက်တယ်။ 


Kitman က "နံပါတ်လား၊ မင်းအတွက် သူတို့ ဒီမှာ ပေးထားပြီးသားရှိနေပြီ" တဲ့။


ကျနော်လည်း အိတ်ကိုဖွင့်ပြီး ဂျာစီကို ဖြန့်ကြည့်လိုက်တော့ နံပါတ်က ၃၉ ဖြစ်နေတယ်။ သောက်ကျိုးနည်းပါပဲလို့တောင် အော်ပြောမိတယ်။ Kitman က "မင်း မကြိုက်လို့လား၊ မကြိုက်ရင် ငါတို့လဲပေးလို့ရတယ်" တဲ့။ ကျနော်လည်း "ခဏစောင့်ပါဦး၊ ခင်ဗျားတို့ ကျနော့်အေးဂျင့်နဲ့ စကားပြောခဲ့ကြတာလား" လို့ ပြန်မေးမိခဲ့တယ်။ 

ပြီးတော့ ကျနော်အဖေ့ကို ချက်ချင်းဖုန်းဆက်ပြီး 


"အဖေ ကျနော့်ကို ဟာသလုပ်နေတာလား၊ ဒီနံပါတ်အကြောင်း ကလပ်က လူတယောက်နဲ့ စကားပြောဖူးလား" ဆိုပြီး မေးခဲ့တယ်။ 


 "ဘာလဲ၊ မဟုတ်ပါဘူး၊ မင်း ဘာတွေပြောနေတာလဲ"


"ဒီမှာ သူတို့က ကျနော့်အတွက် နံပါတ်တခုရွေးပေးထားတာ၊ အဲဒါက ၃၉ ဖြစ်နေတယ်"


အဲဒီမှာ အဖေငိုတော့တာပါပဲ။ 

 "အဖေ၊ အဲဒါ နိမိတ်ပဲ၊ အမှားအယွင်းမဟုတ်ဘူး၊ ကျနော် ဒီမှာ တောက်ပလိမ့်မယ်" လို့ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဘရူနိုဂွီမာရေ့စ်က သူ အသင်းပြောင်းရွှေ့တိုင်းမှာ နံပါတ် ၃၉ ကိုပဲ ဝတ်ဆင်ခဲ့ပါတယ်။ Atlético Paranaense ကနေ အသင်းကြီးဖြစ်တဲ့ Club Atlético Paranaense ကိုရောက်တော့ နံပါတ် ၁၆ ကို ခဏဝတ်ဆင်ခဲ့ရပြီး နောက်ပိုင်းမှာ ၃၉ ဝတ်ဆင်ခဲ့သလို လိုင်ယွန်မှာ နံပါတ် ၇၊ နံပါတ် ၆ တွေ ဝတ်ဆင်ခဲ့ရပြီးမှ ၃၉ ကို ဝတ်ဆင်ခဲ့တာပါ။ နယူးကာဆယ်မှာတော့ သူက စရောက်ကတည်းကနေ အခုချိန်ထိ နံပါတ် ၃၉ ကိုပဲ ဝတ်ဆင်ခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က