ယူနိုက်တက်ပရိသတ်တွေဟာ ဘရူနိုဖာနန်ဒက်စ်ကို ရပ်ရှ်ဖို့ဒ် ရပလိုင်းပြန်ခဲ့တဲ့ ကောမန့်ကြောင့် ဘရူနိုဖာနန်ဒက်စ် အသင်းကနေ ထွက်ခွာသွားမှာကို စိုးရိမ်နေကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ကစားသမားတွေအားလုံး အနာဂတ် မတည်မငြိမ်ဖြစ်နေတာပါ။
လာမယ့်နွေရာသီမှာ ယူနိုက်တက်ကစားသမား အများစု ရောင်းထုတ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဒီရာသီ အိုးထရက်ဖို့ဒ် နောက်ဆုံးပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ သူ့ကို အလိုမရှိတော့ရင် အသင်းက ထွက်မယ်လို့ ပြောခဲ့ပါသေးတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း (၄၀၀) ပြည့် ကစားပြီးသွားပြီဖြစ်ပြီး ဒီပို့စ်အောက်မှာ ဘရူနိုဖာနန်ဒက်စ်က ပွဲ (၄၀၀) ကနေ နောက်ထပ်ပွဲပေါင်းများစွာလို့ ရေးသားခဲ့ပါတယ်။ ဒီလိုမျိုး ဘရူနိုဖာနန်ဒက်စ်ရဲ့ ကောမန့်ကို ရပ်ရှ်ဖို့ဒ်က “မင်းနဲ့အတူ ကွင်းထဲမှာ အတူတွဲကစားခွင့်ရတာ ကျေနပ်စရာပါ” လို့ ရပလိုင်း ပြန်ခဲ့ပါတယ်။
ဒါက နှုတ်ဆက်စကားဆန်ဆန် ဖြစ်နေတာကြောင့် ယူနိုက်တက်ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ် အသင်းက ထွက်သွားမှာကို စိတ်ပူနေကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “ဒါက နှုတ်ဆက်စကားပြောနေသလိုပါပဲ”
“ဘရူနိုဖာနန်ဒက်စ် အသင်းက ထွက်သွားမယ့်ပုံပဲ” “ကျေးဇူးပြုပြီး ဘရူနိုဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ဘယ်လောက်ရရ မရောင်းပါနဲ့ကွာ” “ဘရူနိုက ထွက်တော့မှာပဲ”လို့ အမျိုးမျိုး မှတ်ချက်ရေးသားခဲ့ကြပါတယ်။