ယူအီးအက်ဖ်အေလက်အောက်က ပြိုင်ပွဲတွေမှာ အကျုံးဝင်မှာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဟာ ဖြစ်ရပ်တခုအပေါ်မှာ ကစားသမား ဒါမှမဟုတ် နည်းပြတွေက အဝါကတ်၊ အနီကတ်ပြသဖို့ ဒိုင်လူကြီးကို ကိုယ်အမူအရာနဲ့ ပြသမယ်ဆိုရင် ဒီလိုမျိုးပြသတဲ့သူကို အဝါကတ်ပြသ အရေးယူသွားတော့မယ်လို့ သိရှိရပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဒိုင်ချုပ် ရော်ဘတ်တိုရိုဆက်တီက ဒါကို အတည်ပြုထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။



ဘောလုံးပွဲတွေမှာ ကစားသမားတွေက ပြစ်ဒဏ်ကျူးလွန်မှု ဒါမှမဟုတ် အချိန်ဆွဲမှုတွေအပေါ် ဒိုင်လူကြီးကို စောဒကတက်တဲ့အခါ ကတ်ပြားပြတဲ့ ခြေဟန်လက်ဟန်မျိုးပြုလုပ်ပြီး စောဒကတက်လေ့ရှိပါတယ်။ အရင်ကတော့ ဒါနဲ့ပတ်သက်လို့ ဘာမှပြဿနာမရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဒီလိုမျိုး ဒိုင်လူကြီးကို လုပ်ပြတဲ့ ကစားသမားက အရင်ဆုံးအဝါကတ်ပြခံရဖို့ အခြေအနေတွေရှိနေပါတယ်။

ဒါ့အပြင် နည်းပြတွေလည်း ဒီစည်းမျဥ်းထဲမှာ အကျုံးဝင်နေပြီး ယူအီးအက်ဖ်အေလက်အောက်က ကျင်းပတဲ့ပြိုင်ပွဲတွေမှာ ဒီစည်းကမ်းက အသက်ဝင်တော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်ကို ဒိုင်ဗင်ထိုးတာ ဒါမှမဟုတ် သေးငယ်တဲ့ပြစ်ဒဏ်ဘောအပေါ်မှာ အလွန်အကျူးစောဒကတက်တာအနေနဲ့ ယူဆပြီး အရေးယူသွားမယ်လို့လည်း သိရှိရပါတယ်။

ဒီစည်းကမ်းနဲ့ပတ်သက်လို့ ရိုဆက်တီက “ကစားသမားတယောက်က အခြားကစားသမားတယောက်ကို ပြစ်ဒဏ်ချမှတ်ခံစေချင်တာက ဘောလုံးလောကအတွက် မမျှတတဲ့လုပ်ရပ်ပါ။ ဒီလိုမျိုးလုပ်ရပ်က ကစားသမားအချင်းချင်း မမျှမတဖြစ်စေချင်တဲ့ ရည်ရွယ်ချက်မျိုးဖြစ်ပြီး လေးစားမှုမရှိတဲ့အမူအရာတခုရဲ့ ဥပမာလိုမျိုးပါပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီတပတ်မှာ စတင်ကျင်းပတော့မယ့် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဒီစည်းမျဥ်းကို စတင်အသုံးပြုတော့မှာဖြစ်ပြီး ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အတွက် အခက်ကြုံတော့မယ်လို့လည်း နောက်ပြောင်နေကြပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒိုင်လူကြီးတွေကို ခြေဟန်လက်ဟန်နဲ့ ပြိုင်ဘက်အပေါ်အဝါကတ်ပြသဖို့ စောဒကတက်လေ့ရှိပြီး တခါတရံမှာ သူ့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ 

Share

Loading Next Article...
က္က