ကျေးဇူးတင်စကားတွေ ပြောခဲ့ပါတယ်။

အလှမယ် ဟန်တီကတော့ “Myanmar’s Pride Awards 2019” ဆုပေးပွဲကြီးမှာ Best in Glamour ဆုကို ရရှိခဲ့ပါတယ်။ 

Photo: Myanmar Pride 



မြန်မာနိုင်ငံမှ ထူးချွန်ကျွမ်းကျင်ပညာရှင်များအား ကျရာကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ “Myanmar’s Pride Awards 2019” ရဲ့ ဒုတိယအကြိမ်မြောက် ဆုပေးပွဲအခမ်းအနားကြီးကို Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာတော့ မှာတော့ နယ်ပယ်အသီးသီးကထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေကိုရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ 

ဒီဆုပေးပွဲမှာ “Best in Glamour” ဆုကိုတော့ ဟန်တီက ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာတို့၏ အလှတရားများကို နိုင်ငံတကာရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသခဲ့သော နိုင်ငံ့ရတနာအလှမယ် အဖြစ် ဟန်တီကတော့ “Best in Glamour” ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

“ ဟန်တီ့အနေနဲ့ အလှမယ်ပွဲတွေလည်း အများကြီးယှဉ်ပြိုင်ခဲ့သလို ပရိသတ်တွေကလည်း အများကြီး အားပေးခဲ့ပါတယ်။ ဒီဆုဟာ Voting ပေးတဲ့သူတွေရော၊ ဒိုင်လူကြီးတွေရဲ့ အမှတ်တွေလည်း အများကြီး ပါဝင်တာကြောင့် အမှတ်တရတွေ အများကြီး ဖြစ်ပါတယ်” လို့ သူက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ 

Photo: Myanmar Pride 

အလှမယ်ဆုကို ပေးအပ်ခြင်းဟာ အလှမယ်တစ်ယောက်ဖြစ်ဖို့အတွက်  ယုံကြည်မှု၊ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်အမြင်တို့နဲ့အတူ ထက်မြက်တဲ့ပင်ကိုယ်စရိုက်လက္ခဏာနဲ့ မိမိရဲ့အလှတရားကိုကမ္ဘာသို့ချပြရဲ တဲ့စိတ်ဓာတ်လည်းလိုအပ်ပါတယ်။ ဒီလိုစိတ်ဓာတ်တွေနဲ့ ကမ္ဘာ့အလယ်မှာ မိမိတို့ရဲ့အလှတရားနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းများကိုထင်ပေါ်စွာထုတ်ဖော်ပြသခဲ့သူဖြစ်တာကြောင့် ဒီဆုကို ရွေးချယ် ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။

Photo: Myanmar Pride 

Myanmar's Pride Awards 2019 Final ဒီဆုပေးပွဲဟာ မြန်မာပြည်တွင် မွေးဖွားသူ (သို့) မြန်မာလူမျိုးဖြစ်ပြီး မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံအား ကမ္ဘာ့အလယ်တွင် ဂုဏ်ဆောင်နိုင်သူများ။ သက်ဆိုင်ရာ ပညာရပ် နယ်ပယ်တွင် ပြည်တွင်းကော ပြည်ပတွင်ပါ အကျိုးသယ်ပိုးနိုင်သူများ။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်သူများ။သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထူးချွန်ကျော်ကြားမှုများကြောင့် နိုင်ငံတကာပရိသတ်၏ လေးစားမှုရရှိပြီး မြန်မာနိုင်ငံအား ကမ္ဘာ့အလယ်တွင် အသိအမှတ်ပြုခြင်းခံရသူများ စတဲ့ အချက်တွေကြောင့် တိုင်းပြည်အကျိုးကို သယ်ပိုးရင်း နိုင်ငံဂုဏ်ဆောင်သူတွေထဲကမှ ထူးချွန်သူများကို Myanmar’s Pride Awards 2019 ရဲ့ Winner ဖြစ်ဖို့ အဆိုပြုခံရသူများအဖြစ် ရွေးချယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က