မေဦး က ရရှိပိုင်ဆိုင်ခဲ့တာပါ။

Speical Awards Make Up & Costume ဆုကိုတော့ ‘’မီ ရုပ်ရှင်ကားကြီးက ရရှိခဲ့တာပါ။ မေဦးက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Speical Aawards Make Up & Costume ဆုကိုတော့ မီရုပ်ရှင်ကားကြီးက ရရှိခဲ့တာပါ။ ဒီဆုကိုတော့ မိတ်ကပ် မေဦးက ရရှိပိုင်ဆိုင်ခဲ့တာပါ။



''မိတ်ကပ်ပညာရှင်တစ်ယောက်အနေနေဲ့ လူသားဆန်စွာနေတတ်အောင်သင်ပေးတဲ့ အမေ မေဦးမောင်ကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားမှာ ဖန်တီးခွင့်ပေးခဲ့တဲ့ ထုတ်လုပ်သူ၊ ပိုင်ဖြိုးသု နဲ့ ကိုဏကြီးကို ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ မိတ်ကပ်ဟာ သက်မဲ့အနေနဲ့ ပါဝင်လေ့ရှိပါတယ်။ ဒီဆုကို ချီးမြင့်ပေးတဲ့ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star

Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even

Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က