မုန်းစွဲ ဇာတ်ကားနဲ့ ဆုရရှိခဲ့ပါတယ်။

Best Story Award ဆုကိုတော့ ‘’မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားဆုနဲ့ ဆရာတော် အရှင်ဆန္ဒာဓိက က ရရှိခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Story Award ဆုကို ဆရာတော် အရှင်စန္ဒာဓိက က ရရှိခဲ့ပါတယ်။

‘’ မုန်းစွဲ ဆိုတဲ့ အကြောင်းအရာကို ဟောခဲ့ပါတယ်။ သေခြင်းတရားအကြောင်းဟောတဲ့ အကြောင်းတွေမှာဆိုရင် မုန်းစွဲအကြောင်းတွေပြောပြခဲ့ပါတယ်။ မုန်းစွဲနဲ့ သေရင် အသေမလှတဲ့သူဖြစ်တယ်ဆိုတာကို ဆက်စပ်ပြီးတော့ ဟောခဲ့ပါတယ်။ မုန်းစွဲမှာ အစိတ်အပိုင်းရှိတဲ့အထဲက တစ်ဆုပါပဲ။ အသေလှတဲ့သူ စာအုပ်ကို ဖတ်ရှုပြီးတော့ မုန်းစွဲ ဆိုတဲ့ ဇာတ်လမ်းလေးကို ဖန်တီးဖြစ်ပါတယ်။ ကိုလွင်မင်းအံ့ရဲ့ ရေးသားကောင်းမှုမွန်တွေကြောင့် ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ ဒီဆုကို ဇာတ်ညွှန်းရေးသူ ကိုလွင်မင်းအံ့ကို ပြန်လည်ချီးမြှင့်မှာဖြစ်ပါတယ်။ ဘာသာရေးဆန်ဆန် ဇာတ်ကားကို အရေးစွန့်ပြီးတော့ ထုတ်လုပ်ပေးခဲ့ကြသူတွေကို ’’ လို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ StarAwards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ EvenPark မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က