ရောဂါပိုးပျောက်ကင်းသွားပြီဖြစ်တဲ့ လူနာနံပါတ် ၈ရဲ့ မိသားစုဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

အသက် ၆၀အရွယ် လူနာနံပါတ် (၈) ခရီးသွားဧည့်လမ်းညွှန်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်ပြီး နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရင် ရောဂါပျောက်ကင်းတဲ့စာရင်းမှာဖော်ပြခံရတော့မှာပါ။

ဗဟန်းမြို့နယ်က လူနာနံပါတ် (၇၁)အဖြစ်ကုသမှုခံယူနေတဲ့ အမျိုးသမီးမှာ ရောဂါပိုးမတွေ့တာ တစ်ကြိမ်စတင် ရှိလာခဲ့ပြီလို့ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwunကိုပြောပါတယ်။



အဆိုပါ အသက် ၃၂နှစ်အရွယ်အမျိုးသမီးက ဝေဘာဂီဆေးရုံမှာဆေးကုသမှုခံယူနေရသူဖြစ်ပြီး နောက်ဆုံး အကြိမ်ဆေးစစ်ဆေးမှုမှာ ရောဂါပိုးမတွေ့ဘူးလို့ ဖုန်းနဲ့ ဆက်သွယ်ပြောလာတဲ့အကြောင်း ဦးထွန်းမြင့်က ပြောလာတာပါ။

“ကျွန်တော့်အနေနဲ့ အတည်ပြုလူနာတွေနဲ့ ဆက်သွယ်မှု မပြတ်ရှိပါတယ်။ဒါကလည်း သူတို့ကို အမြဲတမ်း အားပေးနှစ်သိမ့်စကားပြောနေပြီး လိုအပ်တာ ပံ့ပိုးပေးနိုင်ရေးအတွက်ပါ။မနေ့ကတော့ ကျွန်တော့်ကို လူနာနံပါတ် ၇၁က ဖုန်းဆက်လာပြီးသူ့မှာ ရောဂါပိုးမတွေ့တာ တစ်ကြိမ်ရှိသွားပြီလို့ပြောလာပါတယ်။” လို့ ဦးထွန်းမြင့်က Duwunကိုပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေကို ဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ် ဆက်တိုက် Negative ပြခဲ့ရင် ရောဂါပိုးကင်းစင်သူလို့သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။

လူနာနံပါတ်(၈)ကတော့ လက်ရှိအချိန်မှာ ရောဂါပိုးသက်သာပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရပြီး သူတို့ မိသားစုဝင်တွေထဲမှာတော့ အသက် ၆၃နှစ်အရွယ်လူနာ နံပါတ် ၂၈နဲ့ အသက် ၆၈နှစ်အရွယ် လူနာနံပါတ် ၄၀တို့ရှိနေပြီးသူတို့နှစ်ဦးကတော့ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က