မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်ဟာ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက မန်ယူနိုက်တက်ဂန္တဝင် နီမန်ညာ ဗီဒစ်ထက် ဗန်ဒိုက်က ပိုမိုကောင်းမွန်တယ်ဆိုတဲ့ ပြောဆိုမှုကို တုံ့ပြန်ခဲ့ပါတယ်။
ကာရေဂါဟာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲစဉ်အပြီးမှာ ဗန်ဒိုက်ဘက်ကနေ ကာကွယ် ပြောဆိုရာမှာ လီဗာပူးလ်ကြယ်ပွင့်က မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဗီဒစ်ထက် အများကြီး ပိုမိုကောင်းမွန်တဲ့ ကစားသမားလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရီယို ဖာဒီနန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ နီမန်ညာ ဗီဒစ်နဲ့ ကြောက်မက်ဖွယ် ခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ဖာနန်ဒို တောရက်စ်က ဗီဒစ်ကို ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ ကာရေဂါရဲ့ ပြောကြားချက်က ယုံတမ်းပုံပြင်သာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကာရေဂါရဲ့ ပြောကြားချက်ဟာ ၂၀၀၉ ခုနှစ် မတ်လတုန်းက အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်က ၄-၁ နဲ့ အနိုင်ရရှိခဲ့ချိန်တုန်းက တောရက်စ်ကို ဗီဒစ်ရဲ့ လူကပ်ကစားမှု မအောင်မြင်ခဲ့တဲ့အချိန်ကို ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်က ဗီဒစ်ဟာ တောရက်စ်နဲ့ ရင်ဆိုင်ကစားရာမှာ အမြဲတမ်း ရုန်းကန်နေခဲ့ရတာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
“လီဗာပူးလ်ရဲ့ ခံစစ်ကစားပုံက အခုအချိန်မှာ ကျွန်တော် မြင်နေရတာက ဘာလဲဆိုတာ မသိပါဘူး။ နားလည်ဖို့ နည်းလမ်းရှာမတွေ့ပါဘူး။ ဗန်ဒိုက်က ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာပေါ်ကအကောင်းဆုံးနောက်ခံကစားသမားဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့မရပါဘူး။ သူ့ပုံစံက သူ့အရိပ်သူပြန်မိနေသလိုပါပဲ။ သူ ခြေစွမ်းပျောက်ဆုံးနေခဲ့တာ သိသာပါတယ်။ သူက အဲဒါကို ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ တစ်ဦးချင်းအရရော အသင်းလိုက်ပါ ခြေစွမ်းပျောက်ဆုံးနေပြီး ပုံမှန် ကစားနိုင်တဲ့အတိုင်း မကစားနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒါက အဆင်ပြေတယ်။ အဲဒါက မျှတတယ်။ သူ ထရင့်ဆိုရင် သူတို့တွေ အခြေခံအချက်တွေကို ပြန်ရအောင် လုပ်ရမယ်။ ခင်ဗျား ဒီလိုမျိုး အဆိုးထဲကနေ ရုန်းထွက်ဖို့ဆိုရင် အခြေခံကျတဲ့အရာတွေကနေ ပြန်လုပ်ရမှာပါ။ ဂျေမီ ကာရေဂါက တွစ်တာမှာ ဗန်ဒိုက်က ဗီဒစ်ထက်ပိုကောင်းတယ်လို့ ရေးခဲ့တယ် ကျွန်တော် မြင်ခဲ့တယ်။ ဘာကြောင့်လဲ၊ ဘာလို့ အဲဒီလို ပြောခဲ့တာလဲ ကျွန်တော် မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ"
"သူက တောရက်စ်အကြောင်း ပြောခဲ့တယ်။ ကျွန်တော် ထင်တာက တောရက်စ်က ဗီဒစ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ၁၅ ပွဲမှာ ၃ ဂိုးပဲ သွင်းခဲ့တယ်။ သူ ပြောတာက ယုံတမ်းပုံပြင်လိုမျိုးပဲလို့ ကျွန်တော် ထင်တယ်။ တောရက်စ်က အဲဒီပွဲစဉ်တွေထဲမှာ ဆိုးရွားတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူ အကြိမ်ပေါင်းများစွာ ထုတ်ပယ်ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောရက်စ်နဲ့ ရင်ဆိုင်ကစားတဲ့အချိန်တိုင်း ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ပြောတာကတော့ ချဲ့ကားပြောတာမျိုးပဲ။ ၁၅ ပွဲမှာ ၃ ဂိုးသွင်းတယ်။ ရက်ရှ်ဖို့ဒ်က ကျွန်တော်ထင်တယ်။ လီဗာပူးလ်နဲ့ ၁၃ ပွဲကစားခဲ့တဲ့အချိန်မှာ ၆ ဂိုးသွင်းခဲ့တယ်။ အဲဒါက သူ ဗန်ဒိုက်ကို ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ အဓိပ္ပာယ်ရလား။ ဗန်ဒိုက်က သူ့ကို မကိုင်တွယ်နိုင်ခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ဘာလို့လဲဆိုတော့ ခင်ဗျား ဗီဒစ်အကြောင်း ပြောပုံအရဆိုရင် ကျွန်တော်တို့လည်း ရက်ရှ်ဖို့ဒ်က လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်းတာကို ပြန်ပြောရမှာမို့လို့ပဲ။ သူက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ၂ ပွဲတိုင်းမှာ ၁ ဂိုးသွင်းခဲ့တယ်။ ကျွန်တော် သိဘူး။ ဘာကြောင့် ဗီဒစ်ရဲ့နာမည်က ပါလာတာလဲ ကျွန်တော် မသိဘူး"
"လူတွေက ဗန်ဒိုက်ကို ဒီရာသီ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်နေကြတယ်။ သူက နည်းနည်း ပုံမှန်မဟုတ်တဲ့ ရာသီကို ကြုံတွေ့ခဲ့ရတယ်။ သူလည်း အဲဒါကို ဝန်ခံခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက အရမ်းဒေါသထွက်စရာပဲ။ သူက အကောင်းဆုံးအချိန်မှာ ရှိနေတာပါ။ ပြဿနာက သူ့မှာ ကြီးမားတဲ့ ဒဏ်ရာ ရခဲ့တယ်။ အဲဒီဒဏ်ရာကလည်း သူ အဲဒီဒဏ်ရာကနေ ပြန်လာနိုင်ပါ့မလားလို့ ပြောရလောက်တဲ့ ဒဏ်ရာမျိုးပါ။ နောက်လာမယ့်ရာသီက ပြောရမယ့် ရာသီဖြစ်လာတော့မှာပါ။ သူ ဒီရာသီမှာ သူ့ကိုယ်သူ ကြံ့ခိုင်မှုရဖို့၊ သူ့ကိုယ်သူ အရှိန်ရဖို့ လုပ်နေခဲ့ရတာပါ။”လို့ ပြောကြားခဲ့ပါတယ်။