ပုဂ္ဂိုလ်ရေးမက်ဆေ့မျိုးကို ဝန်ဆောင်မှုပေးနေတာပါ။

ချယ်လ်ဆီးမှာ တပတ်လုပ်ခ ပေါင် ၉၅၀၀၀ အထိ ရရှိနေတဲ့ နောက်ခံလူသီယာဂိုဆေးလ်ဗားဟာ Video Messaging တခုဖြစ်တဲ့ Cameo ကနေ ပရိသတ်တွေအတွက် မွေးနေ့ဆုတောင်းလိုမျိုး ပုဂ္ဂိုလ်ရေးသီးသန့် မက်ဆေ့ချ်တွေကို ပေးဖို့ဖို့အတွက် တစောင်ကို ပေါင် ၃၀၀ အထိ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။ 

ပရိသတ်တွေက သူတို့ကြိုက်နှစ်သက်တဲ့ အနုပညာရှင်၊ ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားသူတွေဆီကနေ ဒီလိုမက်ဆေ့ချ်တွေကို ရယူနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တချို့ကတော့ သီယာဂိုဆေးလ်ဗားအနေနဲ့ အသင်းမှာတပတ်လုပ်ခပေါင် ၉၅၀၀၀ အထိ ရရှိနေတာကိုတောင်မှ မလုံလောက်သေးဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

ပရိသတ်တဦးက The Sun ကို ပြောဆိုခဲ့ရာမှာ "တပတ်ပေါင် ၉၅၀၀၀ အထိ ရနေတာက သူ့အတွက်မလုံလောက်ဘူးလား၊ ဘယ်လောက်ရယ်စရာကောင်းလဲ၊ တကယ်လို့ သူက ပိုက်ဆံကို တော်တော်လေးအရူးအမူးဖြစ်နေတယ်ဆိုရင် သူ အသင်းကမထွက်ခွာခင်မှာ ရိုမန်အေဘရာမိုဗစ်ဆီကနေ ရုရှားငွေရူဘယ်တချို့ တောင်းသင့်တယ်" လီု့ ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် တချို့ပရိသတ်တွေကတော့ ဆေးလ်ဗားဆီကနေ မက်ဆေ့ချ်ရရှိမှုအတွက်ကို ကျေးဇူးတင်နေကြပါတယ်။ ဆေးလ်ဗားဟာ အဆိုပါဝက်ဘ်ဆိုက်မှာ ကြယ်ငါးပွင့်အဆင့်အထိ Reivew ပေးခံထားရပြီး ပရိသတ်တဦးကတော့ "ကျေးဇူးအများကြီးတင်ပါတယ်၊ အရမ်းချစ်တယ်၊ ခင်ဗျားက ကျနော်မြင်ခဲ့သမျှ ချယ်လ်ဆီးဂျာစီဝတ်ပြီးကစားသူတွေထဲမှာ အကောင်းဆုံးပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 


ဒီလိုမျိုးဝန်ဆောင်မှုပေးသူတွေထဲမှာ ဘရာဇိးလ်ကစားသမားတွေဖြစ်တဲ့ မာကွင်ဟို့စ်၊ ဝီလီယံတို့လည်း ရှိနေပြီး သီယာဂိုဆေးလ်ဗားရဲ့ ချယ်လ်ဆီးအသင်းဖော် ဂျော်ဂျင်ဟိုလည်း List ထဲမှာပါဝင်နေပါတယ်။ 

Share

Loading Next Article...
က္က