ဂိုးဝင်ခဲ့ပေမယ့် အချက်ပေးမှုမရှိခဲ့လို့ ရှက်ဖီးတို့ နစ်နာခဲ့ပါတယ်။

ရှက်ဖီးဟာ အဝေးကွင်းမှာ ဗီလာကို အနိုင်ယူနိုင်မယ့် သွင်းဂိုးကို ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး ဂိုးဝင်သွားချိန်မှာ ဂိုးလိုင်းနည်းပညာပိုင်းက အချက်မပြခဲ့တာဖြစ်ပါတယ်။


ဗီလာနဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုးစည်းအတွင်းသိသိသာသာဝင်သွားခဲ့တဲ့ သွင်းဂိုးဟာ ဂိုးလိုင်းနည်းပညာရဲ့ချွတ်ချော်မှုကြောင့် ဂိုးမရရှိခဲ့တဲ့အပေါ်မှာ ငိုရမလိုလို၊ ရယ်ရမလိုလိုဖြစ်နေရတယ်လို့ ရှက်ဖီးနည်းပြခရစ္စဝိုင်လ်ဒါက ပြောဆိုလိုက်ပါတယ်။ ရှက်ဖီးဟာ အဝေးကွင်းမှာ ဗီလာကို အနိုင်ယူနိုင်မယ့် သွင်းဂိုးကို ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး ဂိုးဝင်သွားချိန်မှာ ဂိုးလိုင်းနည်းပညာပိုင်းက အချက်မပြခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာက ရှက်ဖီးကစားသမားတွေ စောဒကတက်နေချိန်မှာ ဂိုးဝင်ခဲ့ပါက အချက်ပေးတဲ့ နည်းစနစ်က အချက်ပြုမှုမရှိခဲ့ဘူးလို့ ပြောဆိုကာ ဂိုးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ရုပ်သံအနှေးပြကွက်တွေအရ ဘောလုံးဟာ ဂိုးစည်းအတွင်းကို သိသိသာသာဝင်ရောက်နေခဲ့တာဖြစ်ပြီး ရှက်ဖီးအသင်းသေချာပေါက်ဂိုးရရှိမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ 

"အဲဒါက ဂိုးရကိုရရမှာပါ၊ နည်းပညာပိုင်းအရ ဆုံးဖြတ်မှုတွေ မှားယွင်းနေခဲ့တဲ့တိုင်အောင် ဘောလုံးက ဂိုးထဲကို ဝင်နေခဲ့တာပါ၊ အခုတော့ ကျွန်တော်ငိုရမလား၊ ရယ်ရမလားတောင်မသိဖြစ်နေပါတယ်၊ ကွင်းလယ်ဒိုင်လူကြီးကလည်း ဒါက ဂိုးသွားတယ်လို့ သူခံစားရကြောင်း ကျွန်တော့်ကိုပြောခဲ့ပါတယ်၊ ဒါပေမယ့်လည်း သူကတော့ သိမ်းငှက်မျက်လုံးနည်းပညာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မှီတည်ခဲ့ရတယ်လို့ ပြောပါတယ်" လို့ ခရစ္စဝိုင်လ်ဒါက ပြောခဲ့ပါတယ်။

ဒီအမှားအယွင်းနဲ့ပတ်သက်ပြီးတော့ အဆိုပါနည်းပညာပိုင်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီကလည်း တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါဟာ ပွဲပေါင်း ၉၀၀၀ ကျော်မှာ ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ အမှားအယွင်းတစ်ခုဖြစ်တယ်လို့ HawkEye နည်းပညာကို ဖန်တီးထားတဲ့ ကုမ္ပဏီက တရားဝင်စာထုတ်ပြီးတော့ ကြေညာချက်ထုတ်ပြန်ကာ တောင်းပန်ခဲ့တယ်လို့ Daily Mail က ဖေ်ာပြခဲ့ပါတယ်။ 


"ဗီလာပတ်ခ်မှာ ကစားခဲ့တဲ့ ဗီလာနဲ့ ရှက်ဖီးတို့ရဲ့ ပထမပိုင်းမှာ ဂိုးလိုင်းနည်းပညာချွတ်ချော်မှုဖြစ်ခဲ့ပါတယ်၊ ပွဲကို ကိုင်တွယ်ကြီးကြပ်နေသူတွေဆီကို ဂိုးဝင်ကြောင်း အချက်ပြမှုမရှိခဲ့တာပါ၊ ဂိုးဧရိယာပတ်ဝန်းကျင်မှာရှိတဲ့ ကင်မရာ ၇ လုံးကလည်း ဂိုးသမား၊ နောက်ခံလူ နဲ့ ဂိုးတိုင်တွေကို မြင်ကွင်း တိတိကျကျဖမ်းယူထားနိုင်ခဲ့ပါတယ်၊ ဒီနည်းပညာနဲ့ လည်ပတ်နေခဲ့တဲ့ ပွဲပေါင်း ၉၀၀၀ ကျော်မှာ ဒီလိုဖြစ်တာ တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး၊ ဒီမတော်မဆမှုကြောင့် နစ်နာမှုတွေရှိခဲ့တဲ့အတွက် တောင်းပန်ပါတယ်" လို့ Hawk-Eye Innovations က တရားဝင်စာထုတ်ပြန်ပြီးတောင်းပန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က