မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ အမျိုးသားပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အက်စတွန်ဗီလာအမျိုးသမီးအသင်းက တိုက်စစ်မှူး အလီရှာလက်မန်းကို နိုက်ကလပ်တခုမှာ ကယ်တင်ပေးသွားခဲ့ပါတယ်။ ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အလီရှာကို ဝိုင်းဝန်းနှောင့်ယှက်နေချိန်မှာ ရက်ရှ်ဖို့ဒ်က သီးသန့်နေရာကို ဖိတ်ခေါ်ကာ ပြသနာကို လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းပေးခဲ့တယ်ဆိုပြီး ချီးကျူးခံနေရပါတယ်။
ဒီမတိုင်ခင်က သူတို့နှစ်ဦးဟာ တွေ့ဆုံဖူးခြင်းမရှိဘူးလို့ သိရပြီး အလီရှာက နိုက်ကလပ်ကို ရောက်ချိန်မှာ အမျိုးသားအုပ်စုတခုက သူမကို နှောင့်ယှက်ခဲ့ကြပြီး ရက်ရှ်ဖို့ဒ်က ဝင်ရောက်ကူညီခဲ့တာပါ။ သတင်းရင်းမြစ်တခုကတော့ "မားကပ်စ်က စားပွဲကို ရှင်းလင်းခဲ့ပြီး အလီရှာနဲ့ သူမ သူငယ်ချင်းတွေကို သူတို့နဲ့ လာဝိုင်းဖို့ ဖိတ်ခေါ်ခဲ့တာပါ၊ ဒီအရင်ကတော့ သူတို့ မတွေ့ဖူးဘူး၊ ဒါပေမယ့် မားကပ်စ်က အလီရှာကို ဘယ်သူလဲဆိုတာ သိနေပါတယ်" လို့ ဆိုပါတယ်။
"သူတို့နှစ်ယောက် စကားအနည်းငယ်ပြောဆိုခဲ့ပြီး အလီရှာက ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီးနောက်မှာ သူငယ်ချင်းတွေနဲ့ ကိုယ်စီ ပါတီပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်၊ မားကပ်စ်ကို လူကြီးလူကောင်းတယောက်လို့ အလီရှာက တွေးနေခဲ့ပါတယ်" လို့လည်း အဆိုပါသတင်းရင်းမြစ်က The Sun ကို ဖွင့်ဟခဲ့ပါတယ်။
အလီရှာကတော့ အမျိုးသမီးကစားသမားတွေထဲမှာ ရော်နယ်ဒိုဗားရှင်းလို့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက လေ့ကျင့်ရေးကွင်းမှာ Rabona ကန်ချက်နဲ့ ဂိုးသွင်းပြီးနောက် တင်စားခံခဲ့၇တာပါ။ သူမဟာ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်လူး၀စ္စနဲ့ ၂၀၂၁ အတွင်းက တွဲခုတ်ခဲ့သေးပြီး အဲဒီနောက်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းအမျိုးသမိးအသင်းက လက်ရွေးစင်အသင်းဖော် ရာမွန်နာဘက်မန်းနဲ့လည်း သူမက Date လုပ်ဖူးခဲ့ပါသေးတယ်။
အလီရှာဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ရာသီကမှ ဝက်စ်ဟမ်းကနေ ဗီလာကို ပြောင်းရွှေ့ခဲ့သူပါ။ လက်ရှိမှာ သူမက ဗီလာအတွက် ၅၁ ပွဲကစားပေးထားပြီး ၈ ဂိုးသွင်းပေးထားကာ အမျိုးသားပရိသတ် အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။