၃ဂိုးသွင်းပြီး ၃ကြိမ်ဖန်တီးပေးထားပြီးပါပြီ။

စတီဗင်ဂျရတ်ရဲ့ ဗီလာနည်းပြဘ၀ အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲကို ဆောက်သမ်တန်နဲ့ပွဲမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကော်တင်ဟိုက ခြေစွမ်းထပ်ပြခဲ့ပြီး ကိုယ်တိုင်တဂိုးသွင်းပြီး တဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူက ဗီလာအတွက် ၇ ပွဲကစားပေးအပြီးမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၃ ကြိမ်အထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ 



ဒါဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ဘာစီလိုနာအတွက် သူရရှိခဲ့တဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုထက် ပိုမိုများပြားခဲ့တာလည်းဖြစ်ပါတယ်။ ဘာကာကနေ ဗီလာကို အငှားနဲ့ရောက်ရှိလာပြီးနောက် ကော်တင်ဟိုက အသင်းအတွက် ချက်ချင်းပဲ ခြေစွမ်းပြကစားပေးနေခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက မကုန်ခမ်းသေးဘူးဆိုတာကို ပြသခဲ့ပြီး ဗီလာပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်။ 



လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့သလို ဗီလာနဲ့လည်း သူက ခြေစွမ်းပြနေခဲ့လို့ ပရီးမီးယားလိဂ်က ကော်တင်ဟိုအတွက် တကယ်ကို ထူးခြားကောင်းမွန်တဲ့နေရာတခုဖြစ်နေခဲ့ပါပြီ။ ဘာစီလိုနာမှာ မအောင်မြင်ခဲ့လို့ ဘိုင်ယန်ကို အငှားနဲ့သွားကစားခဲ့ရတဲ့ ဘရာဇီးလ်ဟာ နူးကမ့်ကို ပြန်ရောက်ချိန်မှာလည်း ပုံမှန်ကစားခွင့်နည်းပါးခဲ့သလို ခြေစွမ်းလည်းမပြနိုင်ခဲ့လို့ ဗီလာလို တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းဆီ ရောက်ရှိလာခဲ့ရတာပါ။

အခုတော့ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို သူက ပြသနေပြီဖြစ်ပြီး ဂျရတ်ရဲ့ တန်းမဆင်းရရေးရည်မှန်းချက်တွေကို အားဖြည့်ကူညီပေးနေပြီလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဖော်ဟောင်းနှစ်ဦးရဲ့ နည်းပြ+ကစားသမား ပူးပေါင်းမှုက အရာထင်နေခဲ့တာဖြစ်ပြီး ဗီလာက အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာရပ်တည်နေကာ တန်းဆင်းဇုန်ထိပ်ဆုံးက အသင်းနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က