၂ပွဲဆက်တိုက်အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီဖြစ်ပါတယ်။

၁၉၉၈ နောက်ပိုင်း အက်စတွန်ဗီလာကို တာဝန်ယူခဲ့တဲ့နည်းပြတွေထဲမှာ ပွဲဦးထွက် ၂ပွဲကို နိုင်ပွဲရအောင်စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်နဲ့လည်း ဂျရတ်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။


အက်စတွန်ဗီလာကို နည်းပြသစ်အဖြစ်နဲ့ရောက်ရှိလာပြီးနောက်မှာ စတီဗင်ဂျရတ်က အသင်းကို နှစ်ပွဲဆက်တိုက်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ မနေ့ကကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း ဗီလာက ၁-၂ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး အဆင့် ၁၁ နေရာကို ပြန်ရောက်ခဲ့ကာ လမ်းကြောင်းမှန်ကို ရောက်ရှိနေပြီလားလို့ ယူဆစရာရှိလာခဲ့ပါတယ်။ 



အခုလို နိုင်ပွဲ ၂ပွဲရရှိခဲ့တာဟာ ဒီပွဲတွေမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ဗီလာတို့အနိုင်ရခဲ့တဲ့ပွဲအရေအတွက်ထက် ၁ ပွဲပိုနေခဲ့ပါတယ်။ ဂျရတ်ရောက်မလာခင်မှာ ဗီလာရဲ့နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲတည်းသာအနိုင်ရခဲ့တာဖြစ်ပြီး ၅ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာပါ။ အခုတော့ ဒီအခြေအနေတွေအားလုံးကို ဂျရတ်က ပြောင်းပြန်လှန်ပြခဲ့ပြီး သူ့လက်ထက်ပွဲဦးထွက် ၂ပွဲမှာ ၆ မှတ် ရယူပေးသွားခဲ့ပါတယ်။ 


ဒါ့အပြင် ၁၉၉၈ နောက်ပိုင်း အက်စတွန်ဗီလာကို တာဝန်ယူခဲ့တဲ့နည်းပြတွေထဲမှာ ပွဲဦးထွက် ၂ပွဲကို နိုင်ပွဲရအောင်စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်နဲ့လည်း ဂျရတ်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းနဲ့ ရိန်းဂျားစ်နည်းပြဟောင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ ဗီလာကို တာဝန်ယူဖို့ ရောက်ရှိလာခဲ့ချိန်မှာ အားလုံးရဲ့ သံသယမျက်ဝန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင်ပြေပါ့မလားလို့ စောင့်ကြည့်ခံခဲ့ရပါတယ်။

အခုတော့ သူက သံသယမျက်ဝန်းတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့သလို အားလုံးရဲ့ အသိအမှတ်ပြုမှုကိုပါ ရရှိခဲ့ပြီဖြစ်ပါတယ်။ ပြောဖို့စောနေသေးတယ်ဆိုပေမယ့် အသင်းကို အကောင်းဆုံးဆွဲတင်ပေးနေတယ်ဆိုတာကတော့ ငြင်းမရပါဘူး။ ဒင်းစမစ်ကို ထုတ်ပယ်ပြီးတာနဲ့ ဂျရတ်ကို ချက်ချင်းဆက်သွယ်ပြီး ကမ်းလှမ်းခဲ့တဲ့ ဗီလာအသင်းရဲ့ လုပ်ရပ်ကလည်း မှန်ကန်မှုရှိနေပြီဆိုတာကို မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ 

လက်ရှိပုံစံကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရာသီကုန်မှာ အသင်းကို ပရီးမီးယားလိဂ်မှာပဲ တင်ကျန်နေရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ ဒါက ဂျရတ်အတွက် အောင်မြင်မှုပါပဲ။ အားလုံးလက်ခုပ်ဝိုင်းတီးပြီး ဂုဏ်ပြုပေးရမှာလည်း အသေအချာပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က