အာဆင်နယ်နောက်ခံကစားသမား ဇင်ချန်ကိုဟာ စနေနေ့နေ့လယ်မှာ အက်စတန် ဗီလာကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သင်ကြားခဲ့ရတဲ့ မယုံကြည်နိုင်လောက်စရာ သင်ခန်းစာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အိုလီ ဝက်ကင်စ်က အစောပိုင်း ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဆာကာက သိပ်မကြာခင်မှာပဲ ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ကော်တင်ညိုက ပထမပိုင်း ပြီးဆုံးခါနီးမှာ အက်စတန် ဗီလာအသင်းအတွက် ဦးဆောင်မှုကို ပြန်လည် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ အာဆင်နယ်အသင်းဟာ ၄ ပွဲမှာ တတိယမြောက် လိဂ်ရှုံးပွဲ တွေ့နိုင်တဲ့ အလားအလာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဇင်ချန်ကိုက ၆၁ မိနစ်မှာ ထောင့်ကန်ဘောအပြီးမှာ အလွန်အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ချေပဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ နာကျင်အချိန်ပိုမှာ ဂျော်ဂျင်ညိုရဲ့ အဝေးကန်ချက်က ဂိုးဘားတန်းကို ထိမှန်ပြီးနောက် အာဆင်နယ်ဂိုးသမားဟောင်း မာတီနက်ဇ်ရဲ့ခေါင်းနဲ့ ထိပြီး ဂိုးထဲဝင်သွားပြီးနောက် အနိုင်ဂိုးကို သွင်ယူနိုင်ခဲ့ပြီး ၉၈ မိနစ်မှာ မာတီနယ်လီက ဂန်းနားတွေအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းအတွက် ဆုဖလားပြိုင်ပွဲမှာ ကြီးမားတဲ့နိုင်ပွဲဖြစ်ခဲ့ပြီးနောက် ပွဲအပြီးမှာ ဇင်ချန်ကိုက BT Sport ကို "ဒီပွဲစဉ်ကနေ ကျွန်တော် ကိစ္စ ၂ ခုကို ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် မယုံနိုင်စရာကောင်းတဲ့ သင်ခန်းစာ ရခဲ့တယ်။ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ရရှိနိုင်တယ်ဆိုတာကို အဆုံးအထိ ယုံကြည်နေဖို့ လိုပါတယ်"
"ဒုတိယပိုင်းက ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေကလည်း ပြီးပြည့်စုံခဲ့ပြီး အဲဒါက မှန်ကန်တဲ့ ပုံစံပဲ။ ပွဲတွေက ကစားဖို့ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော် အရင်တုန်းက အကြိမ်ပေါင်းများစွာ ပြောခဲ့သလိုပဲ ဒီအစုအဖွဲ့က အံ့အားသင့်စရာ ပုဂ္ဂိုလ်တွေဖြစ်ပြီး ကျွန်တော်တို့ ဒီပုံစံအတိုင်း ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်။ ဆက်ပြီးတော့ ယုံကြည်နေမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့အရာအားလုံးကို ရနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဂိုးနဲ့ ကူညီပေးနိုင်ခဲ့တာ အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာက အနိုင် ၃ မှတ်ကို ရယူဖို့ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ခဲ့ပြီး အက်စတန် ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးကို ရယူပေးခဲ့တဲ့ ဂျော်ဂျင်ညိုကလည်း "ဒါက ပရီးမီးယားလိဂ်ပါ။ အဲဒါကြောင့်ပဲ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်ဖြစ်နေတာပါ"
"အဲဒါက လှပပါတယ်။ ကျွန်တော်တို့ နောက်ဆုံးရလဒ် ရရှိခဲ့ပြီးနောက် အဲဒါက အရမ်းအရေးပါခဲ့တယ်။ စတင်မှုက ကျွန်တော်တို့ ကစားချင်တဲ့ပုံစံမျိုး မကစားနိုင်တဲ့အခါမှာ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းအပြီးမှာ အဝတ်လဲခန်းထဲဝင်ခဲ့ပြီး စကားပြောခဲ့တယ်။ ပြီးတော့ ကွင်းထဲကို ပြန်သွားပြီး ကျွန်တော်တို့ လုပ်ဖို့လိုအပ်နေတဲ့ အခြေခံအချက်တွေကို လုပ်ပြီး ပွဲကို ပြောင်းလဲနိုင်ခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။