၃ပွဲဆက်တိုက် ဟက်ထရစ်သွင်းဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ တိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူပြီး သမိုင်းသစ်တခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေကြောင်း ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဟာလန်းဟာ ပဲလေ့စ်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ပွဲတွေမှာ ဟက်ထရစ်သွင်းယူခြေစွမ်းပြခဲ့ပြီး ဒီနေ့မှာတော့ အက်စတွန်ဗီလာနဲ့ကစားရမယ့်ပွဲမှာ နောက်ထပ်ဟက်ထရစ်ရဖို့ မျှော်လင့်နေတာပါ။ 

ပရီးမီးယားလိဂ်မှာ ဟက်ထရစ် ၃ ပွဲဆက်တိုက်နောက်ဆုံးသွင်းယူခဲ့တဲ့ ကစားသမားကတော့ လီဗာပူးလ်တိုက်စစ်မှူးဂျက်ဘယ်လ်မာဖြစ်ပြီး ၁၉၄၆ ခုနှစ်က သွင်းယူခဲ့တာပါ။ အဆိုပါစံချိန်ကို ဟာလန်းက အမီလိုက်နိုင်မယ်လို့လည်း ဂွာဒီယိုလာက ယုံကြည်နေပါတယ်။ ဟာလန်းက လိဂ်ဂိုးစုစုပေါင်း ၉ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

"လူတွေက သူ့ဆီကနေ အဲဒါကို မျှော်လင့်နေပါတယ်၊ အဲဒါက အရမ်းကောင်းပါတယ်၊ ကျနော်လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်၊ သူ့ကိုလည်း မျှော်လင့်ထားစေချင်တယ်၊ ပွဲတိုင်းမှာ သူ ၃ ဂိုးသွင်းချင်နေတာကို ကျနော်လည်း သဘောကျမိပါတယ်၊ ဒါပေမယ့် အဲဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကို လူတိုင်းသိပါတယ်၊ ကျနော်လည်းသိပါတယ်၊ ဘောလုံးလောကထဲက လူတိုင်းကလည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိပါတယ်"

"တကယ်လို့ဖြစ်မလာဘူးဆိုတော့လည်း ဖြစ်မလာဘူးပေါ့ဗျာ၊ နောက်ထပ်ရော၊ ကျနော်တို့ နောက်လာမယ့်အချိန်တွေမှာ ကြိုးစားမှာပေါ့၊ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာကတော့ ရှိရမှာပါ၊ ဘာလို့လဲဆိုတော့ အဲဒီကိန်းဂဏန်းက ဒီကောင်လေးရဲ့ ကစားသမားဘ၀မှာ မယုံနိုင်စရာကောင်းနေလို့ပါ၊ သူ ငါးပွဲမှာ ၉ ဂိုးသွင်းယူထားတယ်၊ အရမ်းမိုက်တယ်၊ ဒါပေမယ့် အရေးကြီးတာက ပြီးပြည့်စုံသေးတဲ့ စတင်မှုတော့မဟုတ်သေးဘူးဆိုတာပါ" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

ဟာလန်းကတော့ ဒီရာသီမှာမှ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာာပဲ ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာကတော့ သူ့တိုက်စစ်မှူးက ပြီးပြည့်စုံမှုမရှိသေးဘူးလို့ ခံစားနေရပြီး ဒီထက်အများကြိးလုပ်ပြနိုင်သေးတယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က