ဒီပရိသတ်က ကစားသမားတွေဝတ်တဲ့စတိုင်မျိုး ဝတ်ဆင်လာခဲ့တာပါ။

ဗလင်စီယာပရိသတ်တွေဟာ အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်ခင်မှာ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲကို ဗလင်စီယာရဲ့ အိမ်ကွင်း မက်စ်တဲလားမှာ ကစားခဲ့တာဖြစ်ပြီး ပွဲမတိုင်ခင်မှာ ဗလင်စီယာပရိသတ်တွေက အက်စတွန်ဗီလာကစားသမားနဲ့ ပရိသတ်ကို မခွဲခြားနိုင်ဖြစ်ခဲ့ရတာပါ။



ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ အက်စတွန်ဗီလာပရိသတ်တစ်ယောက်က ကစားသမားတွေ ဝတ်ဆင်တဲ့ အင်္ကျီဒီဇိုင်းမျိုးကို နံပါတ် (၄၁) နဲ့ ဝတ်ဆင်ထားတာကြောင့်လည်း ဗလင်စီယာပရိသတ်တွေ ဒါမျိုး အမြင်မှားသွားတာဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် သူ့ကို ဗလင်စီယာပရိသတ်တွေက အခုလိုမျိုးပဲ လက်မှတ်ဝိုင်းထိုးခိုင်းခဲ့တာဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်ကလည်း ခပ်တည်တည်နဲ့ပဲ ထိုးပေးခဲ့ပါတယ်။

အဆိုပါပရိသတ်ကတော့ @AvfcGhana ဆိုတဲ့ အမည်နဲ့ တွစ်တာ အသုံးပြုသူတစ်ယောက်ဖြစ်ပြီး သူအနှစ်သက်ဆုံး ဗီလာရဲ့ပွဲကို ကွင်းထဲမှာ လာရောက်ကြည့်ရှုနိုင်ဖို့က ငယ်ဘဝအိပ်မက်အဖြစ် ဖွင့်ဟထားသူပါ။ ဒါပေမယ့် ပွဲလာကြည့်ရင်း သူ့အတွက် ထူးခြားခမ်းနားတဲ့ အချိန်အခိုက်အတန့်တွေကိုပါ လူမှားပြီး ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။


အက်စတွန်ဗီလာမှာ ကျောနံပါတ် (၄၁) ကို ဝတ်ဆင်တဲ့ ကစားသမားက ဂျာကော့ဘ်ရမ်ဆေးဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေက အက်စတွန်ဗီလာပရိသတ်ကို အခုလိုမျိုးပဲ ရမ်ဆေးနဲ့ အမြင်မှားခဲ့ကြတာပါ။ ဗီဒီယိုမှတ်တမ်းတွေအရ အဆိုပါပရိသတ်ရဲ့ ဘေးနားမှာ ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေခဲ့ပြီး ဂါနာလူမျိုးပုဂ္ဂိုလ်ကလည်း အမှန်အကန်ကို လက်မှတ်ထိုးပေးနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဗီဒီယိုမှတ်တမ်းကို ပရိသတ်က သူ့ရဲ့ တွစ်တာမှာ ပြန်တင်ခဲ့ပြီး “ကျွန်တော်က ဂျာကော့ဘ်ရမ်ဆေးပါ။ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ဘူးဗျာ။ ကျွန်တော်က ဘဝရဲ့ အကောင်းဆုံးအချိန်မှာ နေထိုင်ခွင့်ရခဲ့ပြီး အသက်ရှင်ရတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့အချိန်လဲဗျာ” လို့ ရေးသားသွားခဲ့ပါတယ်။ ဗလင်စီယာပရိသတ်တွေကတော့ သူတို့ရဲ့ လူမှားခဲ့မှုနဲ့ ပတ်သက်လို့ တော်တော်လေးကို ခံရခက်သွားမှာ အသေအချာပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က