စပိန်လာလီဂါမှာ ဗီလာရီးရဲလ်ကို ၂-၃ နဲ့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီးနောက် အန်ဆယ်လော့တီက ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲမှာ သူ့အသင်း ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာကို ကိုပါဒယ်ရေးမှာ အနိုင်ရခဲ့ပေမယ့် ရီးရဲလ်ဟာ ဗီလာရီးရဲလ်ကို အရေးနိမ့်ခဲ့ပြီး အဆင့် ၂ နေရာအတွက်ပါ စိုးရိမ်စရာတွေ ဖြစ်လာခဲ့ရပါပြီ။
မနေ့ကပွဲမှာ အန်ဆယ်လော့တီက ခရူးစ်နဲ့ မိုဒရစ်တို့ကို အနားပေးထားပြီး ဒုတိယပိုင်းမှသာ အဓိကကစားသမားတချို့ကို ထည့်သွင်းခဲ့တာပါ။ ချယ်လ်ဆီးနဲ့ပွဲကို ပိုပြီးတော့ ပစ်မှတ်ထားနေပုံရပြီး တိုက်စစ်ကစားသမား ၄ ဦးအထိကို ထည့်သုံးခဲ့ကာ အခြေအနေမဟန်တော့မှ အသင်း balance အတွက် အပြောင်းအလဲတွေလုပ်ခဲ့တာဖြစ်ပါတယ်။
"အယ်လ်ကလက်စီကိုမှာ ဘာစီလိုနာကို အနိုင်ရပြီးတော့ စိတ်ဓာတ်ပိုင်းက ၁၀၀% အပြည့်ဖြစ်ဖို့ ခက်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီပွဲမှာ တောင်းဆိုမှုတွေက အရမ်းများခဲ့တာပါ၊ ဒါက ပုံမှန်ပါပဲ၊ ဒါပေမယ့် ရှုံးနိမ့်ရင်တော့ နာကျင်ရတာပါပဲ။ အဲလိုဆိုပေမယ့် ချန်ပိယံလိဂ်ပွဲအတွက်တော့ ဘာမှထိခိုက်မှာမဟုတ်ပါဘူး၊ ချယ်လ်ဆီးနဲ့ပွဲမှာ ကွဲပြားတဲ့ပုံစံကို တွေ့ရမှာပါ၊ ဒါက မတူညီတဲ့ ဇာတ်လမ်းတခုပါ" လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။
အခုအခါမှာ အန်ဆယ်လော့တီကလည်း အသင်းရှုံးပွဲတွေ့ခဲ့လို့ ချယ်လ်ဆီးနဲ့ပွဲကို သေချာပေါက်အနိုင်ယူဖို့ အားထုတ်လာတော့မှာပါ။ ဒါက လမ်းပတ်အတွက် ပိုပြီးထိတ်လန့်ဖွယ်ရာဖြစ်နေပြီး အဝေးကွင်းမှာ သူတို့အသင်း ရုန်းကန်ရဖွယ်ရာလည်း ရှိနေပါတယ်။