သူဟာ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးချင်ပါတယ်တဲ့။

သားညီက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။ သူဟာ သရုပ်ဆောင်ဘဝကို အမြဲတမ်း သတိရလွမ်းဆွတ်နေတတ်သူဖြစ်ပါတယ်။

Photo: Thar Nyi

သရုပ်ဆောင်သားညီက လက်ရှိမှာ ဒါရိုက်တာတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရသူဖြစ်ပါတယ်။ ဒါပေမယ့် သူက သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားရိုက်ကူးချင်တယ်လို့လည်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ သူသာ သရုပ်ဆောင်ဖြစ်ရင် ဗီလိန်ဇာတ်ရုပ်တွေရိုက်ချင်ပါတယ်တဲ့။

‘’ရုပ်ရှင်ထဲကဇာတ်ကောင်ဟာ အပြင်ကတကယ့်ဘဝနဲ့ မသက်ဆိုင်ပါဘူး။ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင်သရုပ်ဖော်နိုင်တာဟာ သရုပ်ဆောင်မှုအတတ်ပညာပါ။ အခုနောက်ပိုင်း

ဗီလိန်ကာရိုက်တာတော့လုပ်ချင်တယ်။ လူမုန်းမှာကြောက်လို့ အဖြည်ပါလားဟင်လို့ မေးတတ်တဲ့သူတွေကို သိပ်မရှင်းပြဖြစ်တော့ဘူး။ ကိုယ်တိုင်ပဲဝင်လုပ်လိုက်တော့တယ်။

ကိုယ့်ကိုကိုယ်ကြတော့ အားနာစရာလည်းမလိုတော့ဘူးလေ။ သားညီ’’ ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Thar Nyi

သားညီတစ်ယောက် လက်ရှိမှာ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်နေကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို အားကျတယ်လို့ဆိုပါတယ်။ သူဟာ လက်ရှိမှာ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်နေတာကြောင့် သရုပ်ဆောင်ဖို့အတွက် လာမငှားကြလို့ စိတ်မကောင်းဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ခဲ့ပါတယ်။

‘’သူများတစ်ကာသရုပ်ဆောင်တွေ နယ်ရိုက်ကွင်းတွေမှာပျော်နေတဲ့ပုံတွေ၊ ညစာစုစားနေတဲ့ပုံ တွေမြင်ရင် အရမ်းဝမ်းနည်းတယ်။ သားညီဆိုတဲ့ သရုပ်ဆောင်တစ်ယောက်ကို သူတို့သတိမရကြ တော့ဘူးထင်ပါရဲ့ဗျာ။ ကျွန်တော်ကပဲအမူအယာလုပ်တာ မကောင်းလို့ထင်ပါတယ်။ အခုဆိုဘယ်သူကမှ လာမငှားကြတော့ဘူးလေ’’ ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Nay Nyi

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က