တိုင်ရွန်ဟာ အနုပညာကို ရူးသွပ်သူတစ်ယောက်ဖြစ်တာကြောင့် ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ကူးရတဲ့ ဇာတ်ကားတွေဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တယ်လို့ဆိုပါတယ်။ ဒါဟာ သူ့ရင်ထဲက အနုပညာဖြစ်ပါတယ်တဲ့။
Photo: သတိအန္တရာယ်ရှိသည်
တိုင်ရွန်က ‘’သတိ အန္တရာယ်ရှိသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်ကာရိုက်တာအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ အကြောင်းကိုပြောပြလာပါတယ်။ သူ့ရဲ့ ကာရိုက်တာကိုလည်း တန်ဖိုးထားတယ်လို့ ဆိုပါတယ်။
‘’အသစ်တစ်ယောက်က ဘာလို့ ဒီကားထဲ ဗန့် (ဗီလိန်) လုပ်တာလဲလို့မေးကြတယ် ကျွန်တော်ဘာပြန်ပြောရမလဲ။ ကျွန်တော် ဝါသနာပါတဲ့အနုပညာကို အကောင်းဆုံးသရုပ်ဖော်ရုံသက်သက်ပါ။ အပြင်မှာတော့ချစ်ဖို့ကောင်းပါတယ်နော်။ အများကြီးအားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ ။ #သတိအန္တရာယ်ရှိသည်’’ ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: သတိအန္တရာယ်ရှိသည်
ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇွန်လ ၂၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အဆိုတော်ယုန်လေးကိုယ်တိုင်က ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတာပါ။ သရုပ်ဆောင် မြင့်မြတ်၊ ယုန်လေး၊ K ညီ၊ အောင်လေး၊တိုင်ရွန်၊ ဘိုချမ်းနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ အက်ရှင်ကား တစ်ကားပါပဲ။
Photo: သတိအန္တရာယ်ရှိသည်
တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။
Photo: သတိအန္တရာယ်ရှိသည်
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မော်ဒယ်လောကမှာကတည်းကေ အာင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ေ အာက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာေ တွ့ရပါတယ်။