Ethereum တည်ထောင်သူကလည်း ရံပုံငွေအလှူတစ်ရပ် ထူထောင်ထားပါ

ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange တစ်ခုဖြစ်တဲ့ Binance ဟာ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ ၁၀ သန်းလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 


ယူကရိန်းနိုင်ငံအတွက် အရပ်ရပ်က Cryptocurrency လှူဒါန်းမှုတွေ လုပ်နေချိန်မှာ Binance က ဒေါ်လာ ၁၀ သန်းလှူဒါန်းမယ့်အကြောင်း ကြေညာလိုက်တာပါ။ Ethereum တည်ထောင်သူ ရုရှားဖွား ကနေဒီယန်သား ပရိုဂရမ်မာ ဗီတယ်လစ် ဘူတာရင်းကလည်း ယူကရိန်းစစ်တပ်အတွက် UkraineDAO ရံပုံငွေ တစ်ရပ်ထူထောင်ထားကြောင်း ထုတ်ပြန်ပါတယ်။ 



Binance တည်ထောင်သူ တရုတ်-ကနေဒီယန်း စီးပွားရေးသမားချောင်ပန်ဇောင် (Photo:


KoinAlert သတင်းအရ ကူးသန်းရောင်းဝယ်မှုပမာဏအရ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange ကြီးဖြစ်တဲ့ Binance ဟာ ယူကရိန်းကို ဒေါ်လာ ၁၀ သန်း လှူမယ့်အကြောင်း ဖော်ပြခဲ့ပြီး Binance ရဲ့ တရားဝင် Twitter အကောင့်ကလည်း ယူကရိန်းနိုင်ငံပြည်သူတွေရဲ့ အကျပ်အတည်းကို ကူညီဖို့ ဒေါ်လာ ၁၀ သန်းလှူမယ့်အကြောင်း အတည်ပြုကြေညာပါတယ်။ 


Binance ဟာ မြေပြင်အခြေအနေတွေပေါ် ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပရဟိတလုပ်ငန်းတွေကို တိုက်ရိုက်ထောက်ပံ့ဖို့ ပစ်မှတ်ထားနေပါတယ်။ Binance ကနေ တရားဝင် စတင်လိုက်တဲ့ ယူကရိန်းအရေးပေါ်ဘေးအန္တရာယ်ကာကွယ်ရေးရံပုံငွေအဖွဲ့ဟာ Crypto ရံပုံငွေရှာမျုကနေ အရေးပေါ် ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့နေရာတွေကို တိုက်ရိုက်ထောက်ပံ့ဖို့ လုပ်ဆောင်နေပါတယ်။ 


တရားဝင်ကြေညာချက် ပို့စ်မှာ ဒေါ်လာ ၁၀ သန်း လှူဒါန်းမှုကို အစိုးရချင်းချိတ်ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေနဲ့ ဒေသတွင်း NGO အဖွဲ့အစည်းတွေကို ပေးအပ်သွားမှာပါ။ ဒီအလှူဟာ အစားအသောက် ၊ ဆေးဝါး ၊ လောင်စာနဲ့ အရေးပေါ် အကူအညီ အထောက်အပံ့လိုနေတဲ့ ယူကရိန်းဒုက္ခသည်ပြည်သူတွေနဲ့ ကလေးငယ်တွေကို ထောက်ပံ့နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ 

Photo: SkyNews


Ehereum တည်‌ထောင်သူအပြင် PleasrDAO ရင်းနှီးမြှပ်နှံရေးအဖွဲ့ဝင်များ ၊ NFT စတူဒီယို Trippy Labs နဲ့ ရုရှား ပန့်ခ်ရော့ခ်အဆိုတော်အဖွဲ့ Pussy Riot တို့ ပါဝင်တဲ့ UkraineDAO (ဗဟိုထိန်းချုပ်မှုမရှိ ကိုယ်ပိုင်အဖွဲ့အစည်း) ကလည်း ဒုက္ခတွေ့နေရတဲ့ ယူကရိန်းပြည်သူတွေကို လှူဒါန်းဖို့ ရံပုံငွေတစ်ရပ် ထူထောင်ပေးထားပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ သတင်းအရ UkraineDAO ကနေ ယူကရိန်းစစ်တပ်ကို ထောက်ပံ့ဖို့ ဒေါ်လာ ၃ သန်းကျော်တန် Ethereum အခြေခံ Tokens တွေ ရံပုံငွေတွေ ရထားတယ်လို့ CoinDesk သတင်းက ဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့ လတ်တလော ထုတ်ပြန်ချက်အရ ရုရှားကျူးကျော်မှု လုပ်ဆောင်ပြီး ၄၈ နာရီအတွင်း ယူကရိန်းပြည်သူပေါင်း ၁၂၀၀၀၀ ကျော်ဟာ သူတို့ရဲ့ အိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က