မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်ကာက ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီရှပ်ကို ဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတဲ့ နည်းလမ်းကို ဖွင့်ဟလိုက်ပါတယ်။ ပထမအကျော့တုန်းက ဝေါ်လ်ကာဟာ ဗင်နီရှပ်ရဲ့ Rainbo Flick အကွက်နဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဒုတိယအကျော့မှာတော့ အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ကာ ဗင်နီရှပ်တယောက် အခွင့်အရေးဖန်တီးမှုတောင် မလုပ်နိုင်ခဲ့ပါဘူး။
ဗင်နိရှပ်ဟာ ဝေါ်လ်ကာကို လုံး၀ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ရီးရဲလ်တို့ ပထမဂိုးပေးလိုက်ရပြီးချိန်မှာ နည်းပြအန်ဆယ်လော့တီနဲ့တောင် သွားရောက်ဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတခါမှာတော့ ဗင်နီရှပ် ဘာမှမတတ်နိုင်ခဲ့ဘဲ ခြေစွမ်းပျောက်ခဲ့ရကာ သူ့ဘ၀မှာ အဆိုးရွားဆုံးပွဲတပွဲဖြစ်ခဲ့ရပါတော့တယ်။
ပွဲအပြီးမှာ ဝေါ်လ်ကာ "ကျနော်တို့က မာနထားရပါမယ်၊ တိုက်စစ်မှူးတွေလို စိတ်ထားမျိုးလည်း ရှိဖို့လိုပါတယ်၊ ကျနော်က တယောက်ချင်းအနေအထားမှာ ကျော်ဖြတ်နိုင်တယ်လို့ ကိုယ့်အမြန်နှုန်းကို ကိုယ်ယုံကြည်ထားတာပါ၊ ပြီးတော့ သူ့ထက်ပိုပြီးတော့ ကျနော်က ခန္ဓာကိုယ်ကြီးပါတယ်၊ ဒီရုပ်ပိုင်းဆိုင်ရာအားသာချက်ကို အသုံးချရယ်လို့ ကျနော်တွေးခဲ့တယ်"
"သူက အရမ်းကောင်းတဲ့ ကစားသမားတဦးပါ၊ ဒါပေမယ့် ကျနော့်ရဲ့ အားသာချက်ကို ကျနော်အသုံးခနိုင်ခဲ့ပြီး သူ့ကို တတ်နိုင်သလောက် ခက်ခဲနေအောင် ကျနော်လုပ်နိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဗင်နီရှပ်ဟာ ဂိုးပေါက်ကန်သွင်းခွင့်လည်း တကြိမ်မှမရခဲ့ဘဲ တော်တော်လေးဆိုးရွားတဲ့ စွမ်းဆောင်ရည်သာ ဖြစ်ခဲ့ရတဲ့အထိပါပဲ။