ဒဏ်ရိုက်မှုတွေလုပ်ခဲ့ပြီး အနီကတ်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

စပိန်လာလီဂါကတော့ ဘယ်လိုမှမတတ်သာတဲ့အဆုံးမှာ ဗင်နီရှပ်ကို အရှုံးပေးလိုက်ရပြီဖြစ်ပါတယ်။ ဗလန်စီယာနဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရသလို ပြိုင်ဘက်ကစားသမားက သူ့လည်ပင်းကို ညှစ်ခဲ့လို့ ပြန်တုံ့ပြန်ခဲ့ရာမှာ အနီကတ်ထိခဲ့တဲ့ ဗင်နီရှပ်ဟာ  အနီကတ်ပယ်ဖျက်ခံလိုက်ရပြီး ရီးရဲလ်အတွက် လက်ကျန်ပွဲတွေကို ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ 

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့က ဒီဖြစ်ရပ်တွေမှာ ဗင်နီရှပ်ကို မျက်နှာသာမပေးချင်ပေမယ့်လည်း နာမည်ကျော်ကစားသမားတွေက ဝိုင်းဝန်းဝေဖန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကလည်း ပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ချိန်မှာတော့ အပြစ်ဒဏ်တွေ ချမှတ်လိုက်ရပြီး ဗင်နီရှပ်ကို အရှုံးပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ VAR ဒိုင်လူကြီးတွေဟာ ဗင်နီရှပ် လည်ပင်းညှစ်ခံခဲ့ရတာကို ကွင်းလယ်ဒိုင်ကို မပြသခဲ့ဘဲ ဗင်နီရှပ်က လုပ်နေတဲ့ပုံကိုသာ ပြသခဲ့ပါတယ်။ ဒါကြောင့် အဆိုပါဒိုင်အားလုံးကို ထုတ်ပယ်ခဲ့ပြီး ဗလန်စီယာအသင်းကိုလည်း ပေါင် ၄ သောင်း ဒဏ်ရိုက်ခဲ့ကာ မက်စ်တဲလားကွင်းက ပွဲကြည့်စင်နေရာအချို့ကိုလည်း ပရိသတ်မပါဝင်ဘဲ ၅ ပွဲကစားဖို့အတွက် ပိတ်ပင်ခဲ့ပါတယ်။ 

ထိုက်သင့်တဲ့အရေးယူမှုတွေမလုပ်ရင် တရားရုံးအထိ တက်မယ်လို့ ရီးရဲလ်မက်ဒရစ်က သတိပေးခဲ့သလို နာမည်က​ျော်ကစားသမားအများအပြားကလည်း ဗင်နီရှပ်ကို ကာကွယ်အားပေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ စပိန်လာလီဂါအတွက်တော့ အရှက်ရစရာကောင်းနေခဲ့ပြီး ဗင်နီရှပ်ကိုပါ ပူးပေါင်းကြံစည်ကာ ထိုးနှက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့အထိ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က