ဘတ်ပီက အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုရသေးသူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဗင်နီရှပ်ဂျူနီယာကတော့ ပီအက်စ်ဂျီကို သွေးတိုးအောင် လုပ်သွားခဲ့ပါပြီ။ ပြင်သစ်ကလပ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ ဘတ်ပီကို အသင်းကမထွက်ခွာအောင် နည်းအမျိုးမျိုးနဲ့ ထိန်းချုပ်နေရချိန်မှာ ရီးရဲလ်ကလည်း သူတို့ဘက်က စိတ်ဝင်စားတယ်လို့ အတိအလင်းဝန်ခံထားပြီးဖြစ်ပါတယ်။ 

ဒီနှစ်ရာသီအစောပိုင်းမှာ ဘတ်ပီအတွက် ရီးရဲလ်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ရာသီကုန်ထိစောင့်ဆိုင်းဖို့ဖြစ်ခဲ့ရပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သစ်မချုပ်ဆိုရသေးတာကြောင့် အသင်းကနေထွက်ခွာနိုင်ချေရှိနေပြီး ရီးရဲလ်အတွက်တော့ ချိုသာတဲ့ စျေးနှုန်းနဲ့တောင် ရရှိမယ့် အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။ 

အခုအခါမှာလည်း ဗင်နီရှပ်က ဘတ်ပီရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့အတွက် သူ့ရဲ့အင်စတာဂရမ် History မှာ သူနဲ့ ဘတ်ပီတွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ သူတို့နှစ်ဦးကို ဘာနေဗျူးမှာ တွဲဖက်ကစားတာမြင်တွေ့ရမယ်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာချိန်မှာပဲ ဗင်နီရှပ်ရဲ့ မွေးနေ့ဆုတောင်းပေးခဲ့မှုက ဒီထင်မြင်ချက်တွေကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ ဘတ်ပီကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ချီးကျူးပြောဆိုရင်း အသင်းမှာဆက်ရှိနေဖို့ကို နည်းလမ်းစုံသုံးကာ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဘာနေဗျူးမှာ ကစားဖို့က သူ့ရဲ့အိပ်မက်လို့ ဝန်ခံထားတဲ့ ဘတ်ပီက အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့ကို အားစိုက်ခြင်းမရှိသလို တဖက်မှာလည်း ရီးရဲလ်က ဘတ်ပီနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို အရိပ်အယောင်ပြပြောဆိုမှုတွေပြုလုပ်နေလို့ ပြင်သစ်ကလပ်အတွက်တော့ သွေးတိုးစရာတွေချည်း ဖြစ်နေပါတော့တယ်။ 

Share

က္က