ပထမအကျော့က အဆိုပါအကွက် အပြခံခဲ့ရတာပါ။

မန်ချက်စတာစီးတီးအသင်းနောက်ခံလူ ကိုင်လီဝေါ်ကာက သူ့ကို Rainbow Flick နဲ့ နောက်တကြိမ် ကျော်ဖြတ်တာမျိုး မလုပ်ဖို့အတွက် ဗင်နီရှပ်ကို ဟာသနှောပြီး ပြောဆိုသွားပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗင်နီရှပ်က အဆိုပါပုံစံနဲ့ ဝေါ်ကာကို ကျော်ဖြတ်ခဲ့တာဖြစ်ပြီး တော်တော်လေးလှပတဲ့ ကျော်ဖြတ်ဟန်ဖြစ်ခဲ့ပါတယ်။ 

လာမယ့် ဒုတိယအကျော့မှာလည်း သူတို့နှစ်ဦးက ထိပ်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ပထမအကျော့ပွဲအပြီးမှာ ဗင်နီရှပ်နဲ့ ဝေါ်လ်ကာတို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး ဒါဟာ သူ့ကို အဆိုပါဟန်ပန်နဲ့ ကျော်ဖြတ်ခဲ့တာကြောင့် ပွေ့ဖက်ခဲ့တာလို့ ဝေါ်လ်ကာက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ ပြောဆိုသွားခဲ့ပါတယ်။ 

"ဗင်နီရှပ်ကို ကျနော် ဘာလို့ပွေ့ဖက်နှုတ်ဆက်ခဲ့လဲဆိုတော့ သူ ကျနော့်ကို Rainbow Flick (ဘောလုံးကို​ ခြေထောက်ကြားညှပ်ပြီး လူပေါ်​ကျော်ချ) လုပ်ဖို့ ကြိုးစားခဲ့လို့ပါ၊ လာမယ့်ပွဲမှာတော့သူ အဲဒီလိုမလုပ်ဖို့ ကျနော် မျှော်လင့်ပါတယ်၊ ကျနော် meme တခု အဖြစ်မခံချင်ဘူးဗျ"

"ကျနော်တို့ ကောင်းကောင်းတိုက်ပွဲဝင်ခဲ့ပါတယ်၊ သူ့ကိုလည်း လေးစားပါတယ်၊ ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး ပြိုင်ဆိုင်မှုကောင်းလည်းဖြစ်ခဲ့တာပါ၊ နောက်ဆုံးမှာတော့ လေးစားမှုကို ပြသခဲ့တာပါပဲ" လို့ ဝေါ်ကာက ဆိုပါတယ်။ ဗင်နီရှပ်ကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

ဝေါ်ကာကတော့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ကာ သူ့ထက် ၁၀ နှစ်ပိုမိုငယ်တဲ့ ဗင်နီရှပ်ကို ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ပထမအကျော့တုန်းကတော့ နှစ်ဦးစလုံး ခြေစွမ်းပြသနိုင်ခဲ့သလို ရလဒ်ပိုင်းကလည်း ညီမျှခဲ့လို့ လာမယ့် ဒုတိယအကျော့မှာ ဘယ်သူက အသာစီးရသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

Share

Loading Next Article...
က္က