စက်တင်ဘာလထဲမှာ ထွက်မယ်လို့ သိရပါတယ်။

Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်

 

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ Birthday Show ပွဲ အခွေလေးကိုတော့ ဘယ်တော့ ထွက်မှာလည်းဆိုပြီးတော့ တစ်မေးတည်း မေးနေကြတဲ့ ပရိသတ်တွေကို ဝိုင်းစုက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် ကနေ အခုလို ကြေညာခဲ့ပါတယ်။ အစဉ်မပြတ် အားပေး လာကြတဲ့ ဝိုင်းစုရဲ့ ပရိသတ်တွေကိုလည်း အာဘွားလေး ပေးခဲ့ပါသေးတယ်။

''Birthday Show အခွေလေးကိုတော့ 9လပိုင်းမှာ ထုတ်ဖို့အတွက် Confirm ဖြစ်သွားပါပြီလို့ Show အခွေလေး ထွက်ရင်လည်း အားပေး ကြပါဦးလို့ ယနေ့ထက်ထိ ဝိုင်းစုကို စဉ်ဆက်မပြတ် အားပေးကြတဲ့ ချစ်ပရိတ်သတ်ကြီး အားလုံးကို အာဘွား'' ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်

ပရိသတ်အကြိုက်နဲ့ထပ်တူကျမယ့် ဇာတ်ကားမျိုးပဲရိုက်ချင်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း 

Birthday Show ပွဲအခွေလေး မထွက်ခင် စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ၂ မိနစ်နဲ့ ၂၉ စက္ကန့်စာ ဗီဒီယိုအမြည်းလေးကို သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း တင်ခဲ့ပါသေးတယ်။

''ဝိုင်းစုရဲ့ Birthday Showအခွေ ဘယ်တော့ထွက်မှာလဲလို့ တစ်မေးတည်းမေးပြီး အားပေးဖို့စောင့်မျှော်နေကြတဲ့ ချစ်တဲ့ ချစ်ဆုံးများအတွက် 

Birthday Showပွဲနေ့တုန်းက မျက်လှည့်သီချင်းမတိုင်ခင် ပြသွားတဲ့ Video File လေး အရင်တင်ပေးပြီး အမြည်းကျွေး လိုက်တယ်နော်'' ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၅၁ မိနစ်အချိန်တုန်းက ဝိုင်းစုခိုင်သိန်းဆိုတဲ့ သူ့ရဲ့ Facebookpage မှာ တင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုသူ ပရိသတ်ပေါင်း ၂ သောင်းကျော်ရှိခဲ့ပါတယ်။

Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်

 

ဝိုင်းစုရဲ့ မွေးနေ့ရှိုးပွဲလေးကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို  ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က