ဘယ်လိုဆန်းသစ်မှုတွေနဲ့ တွေ့ရဦးမလဲမသိဘူးနော်။

စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မွေးနေ့မှာ ပြုလုပ်မယ့် Birthday Show အတွက် ပရိသတ်တွေနဲ့ တိုင်ပင်ဆွေးနွေးနေသလို သူကိုယ်တိုင်ကလည်း ပွဲအတွက် ရင်ခုန်လို့နေပါပြီ။

Photo : စိုင်းစိုင်း



မွေးနေ့မှာ နှစ်စဉ်နှစ်တိုင်း သီချင်းဆိုပြီး ပရိသတ်တွေနဲ့ အတူ ဖြတ်သန်းဖြစ်တဲ့ စိုင်းစိုင်းဟာ ဒီနှစ်မွေးနေ့မှာလည်း အရင်နှစ်တွေကနဲ့ မတူ ကွဲပြားခြားနားအောင် လုပ်သွားဖို့ အတွက် ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ စိုင်းစိုင်းက မွေးနေ့အတွက် ရင်ခုန်နေသလို (၁၄)နှစ်လုံးလုံး သူနဲ့အတူ ဖြတ်သန်းလာတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး သူခံစားရတဲ့ ခံစားချက်လေးကို ယခုလို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။

Photo : စိုင်းစိုင်း

ဘဒ်ဒေးရှိုးကို ၂၀၀၄ ခုနှစ်က ဘလေဇွန်က မိတ်ဆွေတွေနဲ့ စလုပ်လိုက်မိတာ အခုဆိုရင် ၁၅ နှစ်တောင်ရှိသွားပြီ ။ ဖြတ်သန်းခဲ့တဲ့နှစ်တွေကိုပြန်စဉ်းစားရင် အံ့လည်း အံ့သြတယ် ဝမ်းသာ ဝမ်းနည်းကြီး ဒီလောက်နှစ်တွေအကြာကြီး ကျွန်တော်တို့ သီချင်းတွေအတူတူဆိုနေကြတယ် သီချင်းအသစ်တွေထပ်ဆိုတယ် အရင်သီချင်းတွေလည်းဆိုနေတုန်းပဲ ဒီလောက်နှစ်တွေအကြာကြီး ကျွန်တော့်သူငယ်ချင်းတွေအားလုံးနဲ့အတူတူ ဆိုနေတုန်းပဲ ဒီလောက်နှစ်တွေအကြာကြီး ကျွန်တော့်ပရိသတ်တွေနဲ့အတူတူ ရှိနေတုန်းပဲ ဒီလောက်နှစ်တွေကြာလာတဲ့အခါ ပရိသတ်ဆိုတဲ့ အသုံးတောင် ကျွန်တော်မသုံးချင်တော့ပါ အချိန်တွေကြာလာတဲ့အခါ ပရိသတ်တွေလည်း ရင်းနှီးပြီး မိတ်ဆွေတွေဖြစ်လာတာပါပဲ အားလုံးက ကျွန်တော့်မိတ်ဆွေတွေပဲပေါ့” ဆိုပြီး မတ်လ(၃) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : စိုင်းစိုင်း

ဒီနှစ်မှာ ပြုလုပ်မယ့် Birthday Show နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုလည်း နောက်(၇)ရက်အကြာမှာ အားလုံးကို ပြောပြသွားမယ်လို့ ဆိုပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိပ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီမှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ ခုနှစ်မှာ Sai Sai Birthday ၊ ၂၀၀၉ ခုနှစ်မှာ အဲဗားဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကြဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း သီဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်း

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ်ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူပါ။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး SAI Cosmetix ရဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က