Sai Sai App ကို Downlode ဆွဲရမှာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် Birthday show မှာ ပရိသတ်တွေ တောင်းဆိုတဲ့ သီချင်းတွေလည်း ဖျော်ဖြေသွားမယ်လို့ ပြောပါတယ်။ 

Photo: Faith



စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် သူ့ရဲ့ Birthday Show ပွဲ အကြောင်းကို အသေးစိတ်ပြောပြလာပါတယ်။ ဒီ Birthday Show ကိုတော့ Sai Sai App ကနေ အခမဲ့ ကြည့်လို့ရတယ်လို့လည်း သူက ဆိုပါတယ်။ 

“ ဒီနှစ်ရဲ့ Birthday Show ကို ကျွန်တော် Sai Sai App ကနေပဲ Live လွှင့်ပါမယ်။ အခမဲ့ လွှင့်ပါမှာ ဖြစ်တဲ့အတွက် ပိုက်ဆံ တစ်ပြားမှ ပေးစရာ မလိုပါဘူး။ ဒီနှစ်မှာတော့ ပရိသတ်တွေက အိမ်ထဲမှာပဲ နေရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ အနုပညာအလုပ်နဲ့ ပြန်ပြီးတော့ အားပေးတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အနုပညာရှင်အသီးသီးကလည်း ကိုယ်တတ်စွမ်းသလောက် ပရိသတ်ကို ဖျော်ဖြေနေကြတာကို နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ပရိသတ်တွေလည်း အစဉ်အလာမပြတ် Sai Sai Birthday Show ဆိုတာကို ပရိသတ်တွေ ကြည့်ခွင့်ရဖို့အတွက် April ၁၀ ရက်နေ့မှာ ဒီ App ကနေ Live လုပ်ပါမယ်” ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ Page မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။ 

Photo: Sai Sai

လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် မဖြစ်မနေ ကိစ္စမရှိရင် အိမ်အပြင်မထွက်ကြဖို့ကိုလည်း တာဝန်ရှိသူတွေက ထုတ်ပြန်ချက်တွေ ထားရှိတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူ အယောက်(၁၉) ယောက်ရှိပြီလို့ သိရပါတယ်။ ဒီရောဂါကြောင့် လူစုလူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲ၊ ဂီတဖျော်ဖြေပွဲ အပြင် နောက်ထပ် မီဒီယာ မိတ်ဆက်ပွဲများ လည်း ရပ်နားထားတာ တွေ့ရပါတယ်။ အနုပညာရှင်တွေကိုယ်တိုင်ကလည်း ရိုက်ကူးရေးတွေ ရပ်နားထားတာ ဖြစ်ပြီး COVID-19 ရောဂါပိုး ကူးစက်မှုမပြန့်ပွားအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီနေကြပါသေးတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ကလည်း ၂၀၂၀ ခုနှစ်မှာ ကျရောက်တဲ့ Birthday Show ဂီတဖျော်ဖြေပွဲကြီးကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Sai Sai App Live ကနေ တဆင့် သီချင်း အရေအတွက် (၂၀) ခန့် သီဆိုဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။ 

“ အရင်တုန်းကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး အိမ်မှာပဲ သီချင်းဆိုရင်း Live လုပ်မယ်လို့ စဉ်းစားခဲ့တာပါ။ ဖေ့စ်ဘွတ်မှာ ကြေညာချက်တွေ ဖတ်လိုက်ရတဲ့ အချိန်မှာ တချို့အရာတွေကို ကြိုတင်ပြင်ဆင်ရမယ့် ကိစ္စတွေ ဖြစ်ပေါ်လာပါတယ်။ အားလုံး စိတ်ညစ်နေကြတဲ့အချိန်မှာ သီချင်းတွေကို အလွမ်းအဆွေး သီချင်းတွေ ဆိုမှာ မဟုတ်ပါဘူး။ ပရိသတ်တွေ စိတ်ချမ်းမြေ့ဖို့အတွက် ဖျော်ဖြေမှာ ဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ သီချင်းတွေကိုပဲ သီဆိုသွားမှာပါ။ ပရိသတ်တွေ ဆိုစေချင်တဲ့ သီချင်းတွေလည်း လာပြောပေးလို့ရပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: RBV

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က