နှစ်စဥ်နှစ်တိုင်း မွေးနေ့ပွဲကို ပရိသတ်တွေများစွာနဲ့ အတူတူဖြတ်သန်းလေ့ရှိတဲ့ စိုင်းစိုင်းဟာ ဒီနှစ်မွေးနေ့ပွဲမှာတော့ Covid - 19 ရောဂါကြောင့် အိပ်ခန်းထဲကနေ သူ့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရပါတယ်။
စိုင်းစိုင်း Birthday Show in bedroom ရံပုံငွေဖျော်ဖြေပွဲကနေ Covid – 19 ရောဂါ တားဆီးရေးအတွက် လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းဖို့ အလှူငွေ သိန်း ၆၀၀ ကျော် ရရှိထားပြီလို့ သိရပါတယ်။ ဒီအလှူငွေတွေဟာ ဧပြီ(၁၀) ရက်နေ့ ရှိုးပွဲ ပြီးပြီးချင်း ရရှိထားတဲ့ အလှူငွေ စာရင်းဖြစ်ပြီး လက်ရှိအချိန်ထိ အလှူငွေတွေ ဆက်လက်လှူဒါန်းလို့ ရသေးကြောင်း စိုင်းစိုင်းက ပြောပါတယ်။
“ဒီနေ့ည Birthday Show ကနေပြီး ၆၄၂ သိန်းကျပ်နဲ့ US$ 3000 ရရှိထားပါတယ်ခင်ဗျာ မထည့်ရသေးတဲ့ သူတွေရှိနေသေးတဲ့အတွက် အလှူခံမပိတ်သေးပါဘူး ဆက်ထည့်လို့ရပါသေးတယ်” ဆိုပြီး ဧပြီ(၁၀) ရက်နေ့ ညက စိုင်းစိုင်းက သူ့ပေ့ချ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။
စိုင်းစိုင်းကတော့ ဒီနှစ် ပြုလုပ်တဲ့ Birthday Show ကနေ ရရှိတဲ့ ငွေကြေးတွေကို Covid -19 တားဆီးကာကွယ်ရေးအတွက် လိုအပ်နေရာတွေလှူဒါန်းသွားမှာ ဖြစ်ပြီး သူကိုယ်တိုင်လည်း အလှူငွေ ထပ်ထည့်ပြီး လှူဒါန်းဦးမှာ ဖြစ်တယ်လို့ ဧပြီ(၁၀)ရက်နေ့က ပြုလုပ်တဲ့ Birthday Show ကနေ တစ်ဆင့် ပြောပြခဲ့ပါသေးတယ်။
နှစ်စဥ်နှစ်တိုင်း မွေးနေ့ပွဲကို ပရိသတ်တွေများစွာနဲ့ အတူတူဖြတ်သန်းလေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ဒီနှစ်မွေးနေ့ပွဲမှာတော့ Covid - 19 ရောဂါကြောင့် အိပ်ခန်းထဲကနေ သူ့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ရပါတယ်။ ဒီလို ဖျော်ဖြေခဲ့ရာမှာလည်း ပရိသတ်တွေအတွက် အားရကျေနပ်စရာကောင်းတဲ့ ရှိုးပွဲ တစ်ခု ဖြစ်ခဲ့တာလည်း လူမှု့ကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။ စိုင်းစိုင်းရှိုးကို ပရိသတ်တွေရော စိုင်းစိုင်းကို ကြိုက်ကြတဲ့ အနုပညာလောကသားတွေ အကုန်လုံးက sai sai pay ကနေ အားပေးခဲ့ကြပါတယ်။
Live ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး လူမှု့ကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မျိုးစုံပြောနေကြပေမယ့်လည်း ရှိုးပွဲအပြီးမှာ စိုင်းစိုင်းက သူ့ရဲ့ ပေ့ချ်ကနေ ဒီလို Birthday Show in bedroom လုပ်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို ပြန်လည်ပြောပြခဲ့ပါတယ်။
“တီးဝိုင်းကတော့ Live လုပ်ဖို့မဖြစ်နိုင်တော့ Drumနဲ့ KB ရန်ကုန်မှာသွင်း ရိုက် မန်းလေးပို့ မန်းလေးက ပြန်သွင်း ရိုက်ပြန်ပို့ Dancerတွေနဲ့ ဧည့်သည်အဆိုတော်တွေကြိုရိုက် ကျနော်လည်း Rehearsal လုပ်ပြီးရိုက်ထား ကြိုသွင်းသမျှတွေကို ပြည့်စုံက တစ်ညလုံးမအိပ်ဘဲ Mixing လုပ် Foreverက editor တွေက Edit ကြိုလုပ် Live နဲ့တွဲမယ့်ဟာတွေ Setting ချ uab team ကလည်း App နဲ့ပတ်သက်သမျှ 24/7 ထိုင်ရှင်း ဒီ ၅ ရက်အတွင်းမှာ ဒီ Project မှာပါတဲ့သူတွေ တစ်ယောက်မှ နေ့ရောညရောမနားခဲ့ရပါဘူး။ ပွဲအစစ်ဆိုရင်တောင် အားလုံးတနေရာတည်းမှာပဲ တီးဆိုအသံဖမ်းရိုက်ကူး အားလုံးပြီးတာကိုး အခုက ကြိုရိုက်တဲ့ဟာနဲ့ ဒီည ကျနော့် Live နဲ့ကို တပြိုင်တည်းပြန်ဆက် လူနည်းနည်းလေးနဲ့ Mask တွေတပ်ပြီး ဖြစ်အောင်လုပ်ပေးတဲ့ Forever က ညီကိုတွေကျေးဇူးပါ မေတ္တာနဲ့ ပါဝင်တဲ့ ဘော်ဒါတွေ Artists တွေ အားလုံးရော အလှူရှင်တွေရော uab ကိုရော ကျေးဇူးကမ္ဘာ” ဆိုပြီး စိုင်းစိုင်းက ပြောပြထားတာပါ။
Photo : sai sai
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Share