Northwestern University က ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲရဲ့ လေ့လာဆန်းစစ်မှုအရ တွေ့ရှိခဲ့ရပါတယ်။

အမေရိကန်နိုင်ငံရှိ Northwestern University (NU) က ဦးဆောင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲရဲ့ လေ့လာဆန်းစစ်မှုအရ ဗီတာမင် ဒီ (vitamn D) အလွန်အမင်း ချို့တဲ့မှုနဲ့ COVID-19 ကြောင့် သေဆုံးမှုနှုန်းကြား အခိုင်အမာ ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဗီတာမင် ဒီ လုံလောက်တဲ့ ပမာဏရှိခြင်းက သေဆုံးမှုနှုန်းကို အမြင့်ဆုံး ထက်ဝက်အထိ လျှော့ချနိုင်ဖွယ်ရှိပါတယ်


ဗီတာမင် ဒီ အလွန်အမင်း ချို့တဲ့နေတဲ့ COVID-19 လူနာတွေဟာ သေဆုံးမှုအပါအဝင် ပြင်းထန်တဲ့ ထပ်တိုးရောဂါများ ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ NU ဝက်ဘ်ဆိုက်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ထိုအဖွဲ့က တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်ရှိ ဆေးရုံ၊ ဆေးခန်းများမှ ကိန်းဂဏန်းအချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

ထို့သို့ လေ့လာခဲ့ကြရာမှာ ဗီတာမင် ဒီ ပမာဏနဲ့ Cytokine Storm ခေါ် ကိုယ်ခံအားစနစ်က လွန်လွန်ကဲကဲ တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ်တွင်းအင်္ဂါများ အလွန်အမင်း ရောင်ရမ်းမှုတို့ကြား အခိုင်အမာ ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထို့အတူ ဗီတာမင် ဒီနဲ့ COVID-19 ကြောင့် သေဆုံးမှုကြားမှာလည်း ဆက်နွယ်မှုတွေ့ခဲ့ရပါတယ်။

ဗီတာမင် ဒီက လူနာတစ်ဦးကို ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ထပ်တိုးရောဂါတွေဖြစ်မှုကို လျှော့ချနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မသေဆုံးအောင် တားဆီးပေးနိုင်ပါတယ်

COVID-19 လူနာတွေနဲ့ Cytokine Storm

"Cytokine Storm က အဆုတ်တွေကို ဆိုးဆိုးရွားရွာ ပျက်စီးစေရာကနေ ပြင်းထန်တဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်" လို့ သုတေသနကို ပထမဆုံး စတင်ခဲ့သူနဲ့ NU မှ သုတေသီ Ali Daneshkhah က ပြောပါတယ်။ "ဒီဟာက COVID-19 လူနာအများစုကို သေဆုံးစေတယ်လို့ ယူဆရပါတယ်၊ ဗိုင်းရပ်စ်က သူ့ဟာသူ အဆုတ်ကို ဖျက်ဆီးပစ်တာ မဟုတ်ဘူးပေါ့၊ ကိုယ်ခံအားစနစ် တုံ့ပြန်မှု လွဲချော်ရာကနေ ဖြစ်ပေါ်လာတဲ့ ထပ်တိုးရောဂါဖြစ်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

ဗီတာမင် ဒီက လူတွေရဲ့ ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေရုံသာမက အန္တယ်ရာယ်ရှိတဲ့အထိ ကိုယ်ခံအားစနစ် တုံ့ပြန်လုပ်ဆောင်မှုကိုလည်း တားဆီးနိုင်ကြောင်း သိရပါတယ်။ ထိုအချက်အလက်အရ ဗီတာမင် ဒီ လုံလောက်တဲ့ ပမာဏရှိနေခြင်းက လူနာတွေကို COVID-19 ကြောင့် သေဆုံးမှုအပါအဝင် ပြင်းထန်တဲ့ ထပ်တိုးရောဂါတွေကနေ ကာကွယ်နိုင်တာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှုအရ ဗီတာမင် ဒီ လုံလောက်တဲ့ ပမာဏရှိခြင်းက သေဆုံးမှုနှုန်းကို အမြင့်ဆုံး ထက်ဝက်အထိ လျှော့ချနိုင်ဖွယ်ရှိပါတယ်၊ ဗီတာမင် ဒီက လူနာတစ်ဦးကို ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ထပ်တိုးရောဂါတွေဖြစ်မှုကို လျှော့ချနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မသေဆုံးအောင် တားဆီးပေးနိုင်ပါတယ်" လို့ NU မှ ပါမောက္ခ Vadim Backman က ပြောပါတယ်။ ၎င်းဟာ NU ရဲ့ McCormick School of Engineering မှာ ဇီဝဆေးပညာ အင်ဂျင်နီယာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ကြောင်း CGTN သတင်းမှာ ဖော်ပြပါတယ်။

Cytokine Storm က အဆုတ်တွေကို ဆိုးဆိုးရွားရွာ ပျက်စီးစေရာကနေ ပြင်းထန်တဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်

ကလေးငယ်တွေနဲ့ ကိုယ်ခံအားစနစ် လွန်ကဲတုံ့ပြန်မှု

ယခုတွေ့ရှိရတဲ့ ဆက်နွယ်မှုက ကလေးငယ်တွေမှာ သေဆုံးမှုနှုန်း နည်းပါးခြင်းကဲ့သို့ COVID-19 နဲ့ ပတ်သက်တဲ့ ပဟေဠိတွေကို ကူညီရှင်းပြပေးနိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။ ကလေးငယ်တွေမှာ အပြည့်အဝ ဖွံ့ဖြိုးပြီး ရောဂါတွေကို တုံ့ပြန်တတ်တဲ့ ကိုယ်ခံအားစနစ် မရှိသေးပါဘူး။ အပြည့်အဝ ဖွံ့ဖြိုးပြီးတဲ့ ကိုယ်ခံအားစနစ်က လွန်လွန်ကဲကဲ တုံ့ပြန်မှုကို ပိုမိုလုပ်ဆောင်နိုင်ခြေရှိတာ ဖြစ်ပါတယ်။

ကလေးငယ်တွေကတော့ အဓိအားဖြင့် ၎င်းတို့ရဲ့ မွေးရာပါ ကိုယ်ခံအားစနစ်ပေါ်မှာ အမှီပြုတာကြောင့် COVID-19 ကူးစက်ခံရပါက လူကြီးတွေရဲ့ အပြည့်အဝ ဖွံ့ဖြိုးပြီးသား ကိုယ်ခံအားစနစ်ကဲ့သို လွန်လွန်ကဲကဲ တုံ့ပြန်မှုနည်းပါးခြင်းနဲ့အတူ သေဆုံးမှုနှုန်းလည်း ပိုနိမ့်နိုင်တယ်လို့ ပါမောက္ခ Vadim Backma က ရှင်းပြပါတယ်။

COVID-19 ကြောင့် ထပ်တိုးရောဂါများ ဖြစ်ပွားလာမှုကို ကာကွယ်ရာမှာ ဗီတာမင် ဒီကို အထိရောက်ဆုံး မည်သို့ အသုံးပြုနိုင်ကြောင်း သိရှိနိုင်ရန် နောက်ထပ် သုတေသနအများအပြား လိုအပ်တယ်လို့ ပါမောက္ခက ပြောပါတယ်။ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်က COVID-19 ကို လွန်လွန်ကဲကဲ တုံ့ပြန်မှု လုံးဝ မရှိတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်၊ ဗြိတိန်၊ အီတလီနဲ့ စပိန် နိုင်ငံရှိ ကလေးငယ်တွေမှာ တွေ့ရှိရတဲ့ pediatric multisystem inflammatory syndrome ဟာ ၎င်းတို့ရဲ့ ကိုယ်ခံအားစနစ်က COVID-19 ကို လွန်လွန်ကဲကဲ တုံ့ပြန်လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထပ်တိုးရောဂါ ဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။ အမေရိကန်မှာတော့ ကိုယ်တွင်းအင်္ဂါများ အလွန်အမင်းရောင်ရမ်းတဲ့ အဆိုပါ ရောဂါကြောင့် ကလေးငယ် သုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Photo: Reuters, Getty Images


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က