ဖက်ဒရယ်ဘက်က ကန့်သတ်မှုတွေလည်း ရှိနေပါတယ်

ကမ္ဘာ့တန်ဖိုးအကြီးဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ဟာ လက်ရှိအနေအထားနဲ့ဆို ဒေါ်လာ ၈၀၀၀ အထိ ဈေးကျဖို့ ရှိတယ်လို့ Guggenheim ရဲ့ ရင်းနှီးမြှပ်နှံမှု အရာရှိချုပ် စကော့တ် မိုင်းနာ့ဒ်က ခန့်မှန်းထားပါတယ်။ 

ဒါဟာ တနင်္လာနေ့မနက်က ပေါက်ဈေးဖြစ်တဲ့ ဒေါ်လာ ၃၀၀၀၀ ကျော်နှုန်းရဲ့ ၇၀% ကျော် ထိုးကျမယ့် သဘောဖြစ်ပါတယ်။ "ဒေါ်လာ ၃၀၀၀၀ အောက် ဒီအတိုင်း ကျလာနေရင် ဒေါ်လာ ၈၀၀၀ မှာ အကျရပ်သွားဖို့ ရှိတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ထပ်ပြီး အကျဘက် ရောက်မှာကို တွေးရပါတယ်။ ဖက်ဒရယ်ဘက်ကလည်း ကန့်သတ်မှုတွေကလည်း အဓိကပါတယ်။" လို့ မိုင်းနာ့ဒ်က CNBC သတင်းကို ပြောပါတယ်။ 





မိုင်းနာ့ဒ်ဟာ အမေရိကန်ဖက်ဒရယ်ဘဏ်ရဲ့ အတိုးနှုန်းတိုးမြှင့်ခြင်း နဲ့ ငွေကြေးမူဝါဒတင်းကြပ်လာခြင်းကိုလည်း ရည်ညွှန်းထားပါတယ်။ လဆန်းပိုင်းကစပြီး Bitcoin ဟာ ဒေါ်လာ ၃၀၀၀၀ အောက် ကျဆင်းလာနေတာကြောင့် ဒီနှုန်းထားကနေ ပြန်တက်လာဖို့ ရုန်းကန်နေရပြီး ပုံမှန်အကျဘက်ကို သွားနေတာပါ။ မိုင်းနာ့ဒ်ရဲ့ ဟောကိန်းသာ မှန်မယ်ဆိုရင်တော့ Bitcoin နဲ့ တခြား Cryptocurrency ဈေးကွက်ဟာ အကြီးအကျယ် အထိနာဖို့ ရှိပါတယ်။ 

ပြီးခဲ့တဲ့လထဲမှာတင် Bitcoin ဈေးကွက်တန်ဖိုးထဲက ဒေါ်လာ ဘီလျံ ၅၀၀ ဝန်းကျင် ကျဆင်းသွားခဲ့ပါတယ်။ Bitcoin ဟာ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ၂၄% ဝန်းကျင် ဈေးကျသွားခဲ့ပါတယ်။ Bitcoin အပါအဝင် Cryptocurrency လုပ်ငန်းရှင်တွေလည်း ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနေပြီး ထိပ်တန်း Crypto ဘီလျံနာတွေဟာ ဘီလျံနာအဖြစ်ကနေ မီလျံနာအဆင့်ကို ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ 


Bitcoin နဲ့ Ether လို Crypto လုပ်ငန်းကြီးတွေအနေနဲ့ ဈေးကွက်အပျက်မှာ ဆက်ပြီး ရပ်တည်နိုင်ပေမယ့် တခြား Cryptocurrency အမည်ခံ tokens တွေကတော့ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း မိုင်းနာ့ဒ်က ခန့်မှန်းထားပါတယ်။ အင်တာနက်ခေတ်ဦးကာလ ၂၀၀၀ ပြည့်လွန်နှစ်တွေက အခြေအနေနဲ့ ချိန်ထိုးပြပြီး ကုမ္ပဏီအနည်းငယ်ပဲ ရှင်သန်ခဲ့ပြီး ဒေါ့ကွန်းပူဖောင်းတွေ ပေါက်ကွဲကုန်မယ်လို့လည်း သူက ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က