ဗြိတိန်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲ ဖြစ်ပါတယ်။

ဗြိတိနိုင်ငံဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အထွတ်အထိပ်ကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး လာမယ့် သီတင်းပတ်အတွင်း lockdown အစီအမံများ ဖြေလျှော့ရုပ်သိမ်းမယ့် အစီအစဥ်တွေ ထုတ်ပြန်သွားမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ပထမဆုံးအကြိမ် အတည်ပြုနိုင်တာကတော့ ကျွန်တော်တို့ ဒီရောဂါရဲ့ အထွတ်အထိပ် အခြေအနေကို ဖြတ်ကျော်ခဲ့ပါပြီ


(Photo: Sky News)

ဗြိတိန်ဝန်ကြီးချုပ်ဟာ ၎င်းကိုယ်တိုင်လည်း COVID-19 ကြောင့် ဆေးရုံတက်ရောက်ပြီး အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသူ ဖြစ်ပါတယ်။ ဗြိတိန်မှာ COVID-19 ကြောင့် သေဆုံးမှုနဲ့ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပေမဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က lockdown ဖြေလျှော့ရုပ်သိမ်းမယ့် အစီအစဥ်အကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ နေပြန်ကောင်းလာပြီးနောက် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ပြည်သူတွေကို ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးစေရန် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်များအတိုင်း လိုက်နာကြရန် တိုက်တွန်းခဲ့ပါတယ်။

(Photo: EPA)

"ကျွန်တော် ဒီနေ့ ပထမဆုံးအကြိမ် အတည်ပြုနိုင်တာကတော့ ကျွန်တော်တို့ ဒီရောဂါရဲ့ အထွတ်အထိပ် အခြေအနေကို ဖြတ်ကျော်ခဲ့ပါပြီ၊ ကျွန်တော်တို့ အထွတ်အထိပ်ကို ကျော်လွန်ခဲ့ပြီး ကူးစက်ဖြစ်ပွားမှုတွေ လျော့ကျလာတော့မယ့် အခြေအနေရှိပါတယ်၊ ရေရှည်အတွက် အလားအလာကောင်းမယ့် အကြောင်းတွေ ကျွန်တော်တို့မှာ အလွန်များစွာရှိပါတယ်" လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ဗြိတိန်မှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲ ဖြစ်ပါတယ်

(Photo: Reuters)

ဗြိတိန်ဝန်ကြီးချုပ်ဟာ မကြာသေးမီက ဆေးရုံဆင်းနိုင်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက်နေ့မှာ ၎င်းနဲ့ လက်တွဲဖော်ချစ်သူ ကာရီဆိုင်မွန်စ်ရဲ့ သားဦးလေး

မွေးဖွားခဲ့ပါတယ်။ ၎င်းဟာ ယခုအခါ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ အချိန်ပြည့် ရုံးပြန်တက်နေပြီလို့ သိရပါတယ်။ ဗြိတိန်မှာ ယနေ့ (မေ ၁ ရက်) အထိ COVID-19 ကူးစက်ခံရသူ ၁၇၁,၂၅၃ ဦးနဲ့ သေဆုံးသူ ၂၆,၇၇၁ ဦးအထိ ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တရိပ်ရိပ် တိုးလာနေဆဲ ဖြစ်ပါတယ်။

Source: BBC, Daily Mail

Share

Loading Next Article...
က္က