ဒီကနေ့ ဧပြီလ(၂၈)ရက်နေ့ မွန်းလွဲ (၁၂)နာရီဝန်ကျင်းမှာ ဗိုလ်တစ်ထောင်မြို့နယ် (၄၁)လမ်း အမှတ် (၇)ရပ်ကွက်၊ အိမ်အမှတ် (၃၆)ဒုတိယထပ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ နောက်ဖေးလမ်းကြားထဲပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
photo- Sayar Bani
အဆိုပါ အမျိုးသမီးက အသက်(၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်မှာ တစ်ယောက်တည်းနေထိုင်သူဖြစ်ရာ ဖြစ်စဉ်အနေအထားအရ သူကိုယ်တိုင်တိုက်ပေါ်က ခုန်ချပြီး သတ်သေတဲ့ အနေအထားမှာရှိတယ်လို့ ဗိုလ်တစ်ထောင် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက Duwun ကိုပြောပါတယ်။
photo- Sayar Bani
အမျိုးသမီးက ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်းကွဲ၊ ခြေလက်ကျိုးဒဏ်ရာတွေရရှိခဲ့ပြီး ဆေရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဝေးမှာနေထိုင်တဲ့ သူ့သားကို ဆက်သွယ်လို့ မရသေပေမယ့် Online ကတစ်ဆင့် နီးစပ်ရာဆွေမျိုးတွေကိုလည်း အကြောင်းထားသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း စစ်ဆေးချက်တွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။