မာရီလှတော ကာရိုက်တာအတွက် အရမ်းဂုဏ်ယူမိတယ်။

မိုးဟေကို ကတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မာရီလှတော ဆိုတဲ့ အမျိုးသမီးသူရဲကောင်းနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်တဲ့။ ဒီကာရိုက်တာမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မိုးဟေကို ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားထဲမှာ အမျိုးသမီးသူရဲကောင်း တစ်ဦးဖြစ်သူ မာရီလှတော ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့ သူမရဲ့ ခံစားချက်တွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ မိုးရဲ့ ဇာတ်ဝင်ခန်းတွေ ကိုတော့ ရိုက်ပြီးသွားပါပြီ။ ဒီဇာတ်ကားထဲမှာ အခန်းကဏ္ဍ နည်းနည်းကနေ ပါဝင်ထားတာပါ။ ဇာတ်ကောင်အရတော့ လိုက်ဖက်လို့ မိုးကို ကမ်းလှမ်းကြတာပါ။ ဒါကြောင့်လည်း ရိုက်ဖြစ်ခဲ့တာပါ။ ဒီလို ဇာတ်ကားမှာ သမိုင်းဝင် အမျိုးသမီးတစ်ယောက်နေရာက ပါဝင်ခွင့်ရလို့လည်း ဂုဏ်ယူပါတယ်” လို့ ဆိုပါတယ်။

Photo: တကယ့် မာရီလှတော နဲ့ ရုပ်ရှင်ထဲက မာရီလှတော 

မာရီလှတော ဟာ ဟင်္သာတရဲ့ ဒုတိယရာဇဝတ်ဝန်ထောက် ဦးလှတောရဲ့ ဇနီးဖြစ်ပါတယ်။ မာရီလှတော ဇာတ်ကောင်အတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း မိုးဟေကိုက ပြောပြခဲ့ပါသေးတယ်။

“ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တာကကျတော့ မာရီလတော နေရာမှာ မိုးက အခန်းကဏ္ဍတစ်ခုမှာ ဝင်ရောက်ရိုက်ကူးပေးရတာ ဖြစ်တဲ့အတွက် ကိုယ်က အစအဆုံး သရုပ်ဆောင်အနေနဲ့ပဲသွားတာ။ ဝတ်စုံ၊ ဆံပင်၊ မိတ်ကပ်တွေကအစ ထုတ်လုပ်ရေးဘက်က ပြင်ဆင်ပေးပါတယ်။ ရိုက်တုန်းကတော့ မိုးလင်းတဲ့အထိ ရိုက်ကြရတာ နယ်ဘက်တွေမှာ သွားရိုက်ရတယ်။ တကယ့် တောလမ်းတွေထဲမှာကို မနက် ၂ နာရီ ၊ ၃နာရီလောက်အထိ သေသေချာချာရိုက်ရတာပါ။ ပင်ပန်းတယ်” ဆိုပြီးတော့ ဇန်ဝါရီလ ၆ ရက်နေ့က “ရွာကျော်မိကဲ” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မိုးဟေကိုဟာ မာရီလှတော ရဲ့ ဇာတ်ဝင်ခန်းတွေကို နယ်မှာ သွားရောက်ရိုက်ကူးထားတာလို့ သိရပါတယ်။ ဒါပေမယ့် သူမကတော့ ဇာတ်ကားရိုက်တာ ဘယ်နှစ်ရက်ပဲ ကြာကြာ မိခင်ကိုတော့ စိတ်ပူနေမိတာ အမှန်ပဲလို့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။

“ အခက်အခဲတွေကတော့ ဘာမှ မရှိခဲ့ပါဘူး။ အားလုံး အဆင်ပြေပါတယ်။ မိုးက အခန်းနည်းနည်းပဲ ပါတဲ့အတွက် ၂ ညနဲ့ ၁ ရက်စာပဲ ပေးရတာပါ။ နယ်မှာ သွားရိုက်ရတာဖြစ်တော့ အဲဒီအချိန်မှာ အမေ့ကို စိတ်မချဘူး။ ဒါပေမယ့် ကိုယ်က အရမ်းအကဲပိုနေမလားပေါ့။ ဇာတ်ကားရိုက်နေတဲ့ အချိန်မှာ အမေက ကျန်းမာနေပြီဖြစ်ပေမယ့် စိတ်မချတာလေးတော့ ဖြစ်တယ်။ အရမ်းကောင်းတဲ့ ဇာတ်ကားလည်းဖြစ်တဲ့အတွက် အဖေနဲ့ အမေတို့ရဲ့ ခွင့်ပြုချက်ကြောင့် သွားရိုက်ဖြစ်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Moe Hay Ko

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကိုတော့ အကယ်ဒမီ လူမင်းက ဒါရိုက်တာအဖြစ်ပုံ ဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်ကာရိုက်တာမှာ သရုပ်ဆောင်မယ့်သူကတော့ ကျော်ကျော်မျိုး နဲ့ ဇာခြည်လင်းဖြစ်ပါတယ်။ မန်းဘခိုင် နေရာမှာတော့ အကယ်ဒမီ မင်းဦး၊ ဦးနု နေရာမှာတော့ အောင်မော်ထွန်း၊ မာရီလှတော နေရာမှာ မိုးဟေကို၊ ဗိုလ်မင်းရောင် နေရာမှာ အကယ်ဒမီလူမင်း၊ ဒေါက်တာဘမော်နေရာမှာ အကယ်ဒမီရန်အောင်၊ သခင်မြ နေရာမှာ ရဲအောင် နဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနေရာမှာ ဒါရိုက်တာညိုမင်းလွင်တို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က